Wednesday 28 December 2011

မုဆိုးတို့ ရွာ




တောင်ထန်းရယ်ကာ
အမိုးမှာ ဖက်သာခင်းပါလို့
မုဆိုးတို့ ရွာ …
သားကောင်ရှာ
ရလာလျှင်ရွှင်ပြုံး
ဆန်ပဲစုံ ဆားဆီသုံးချင်ရဲ့
လှယ်ကြပါဦး …
တစ်ရွာဝင် တစ်ရွာကြား
အသားတွဲတကြော်ကြော်
လှယ်မယ့်သူမျှော် 
မှောင်ရိပ်ကပေါ်
နေညို့သော်မကုန်သေး
အသားကင် ကျပ်စင်သွင်းပါလို့
မျှင်လိုက်မယ်လေး …

ပျိုးယုဝသုန်
10:51:07 AM
28-12-2011
Wednesday (BNE)

အလင်းမဲ့ မြို့သူ




ညို့ညို့မှိုင်းမှုန်
ကြယ်စုံမလင်း
နွေးထွေးခြင်းမဲ့
ခိုမိတဲ့အိမ်
ဆိတ်ဆိတ်ငြိမ်သည်
ကျိမ်စာတွေဖြင့်ပြည့်နှင့်သည် 
မသင်းပျံ့ပျံ့
ရနံ့မဲ့ပန်း
မလန်းညှိုးခြောက်
သောက်မိတစ်စက်
ဤရေခွက်
အက်စစ်များနှင့်ပြည့်ခဲ့ပြီ 

ပျိုးယုဝသုန်
5:35:49 PM
27-12-2011
Tuesday (BNE)

Tuesday 27 December 2011

ကလေးကဗျာများ (၁၅)



ချိုးကလေး  ချိုးကလေး
ကူကူ သူမြည်ကြွေး  …
အသံပေးတဲ့ကိုချိုးဖြူ
ဘယ်နားဆီကကူ …
လူလေးဇာနည် မြင်ချင်လို့
လိုက်ရှာကြပါစို့ …

ပျိုးယုဝသုန်
01:26:39 PM
26-12-2011
Monday (BNE)

Saturday 24 December 2011

ကလေးကဗျာများ (၁၄)



မေမေရယ် မေမေရယ်
ကျောင်းကိုသွားတော့မယ် …
လွယ်အိတ်ထဲမှာ ပြင်ဆင်ထား
စာအုပ် ခဲတံ များ  …
ခဲဖျက်ကြားနဲ့ပေတံမှာ
မရှိမဖြစ်ပါ  ..
နေ့လည်စာကို ယူပါလို့
ကျောင်းကိုသွားပြီဗျို့  ..
မြန်မြန်ပို့ပါ့ ဖေဖေရာ
ကျောင်းနောက်ကျမယ်ဗျာ…
စက်ဘီးယာဉ်မှာတင်ကာသွား
ဖေဖေ့ရင်ခွင်ကြား  …
စာသင်ကျောင်းသား တူတူနော်
သူငယ်ချင်းအဖော် …
ကျောင်းနေပျော်လို့ စာတွေရ
သားငယ် ပထမ  …

ပျိုးယုဝသုန်
10:41:41
24-12-2011
Saturday (BNE)

ကလေးကဗျာများ (၁၃)



ဆက်ရက် ဆက်ရက်  တကြော်ကြော်
အပင်ထက်မှာအော်  …
ဘာလို့အော်တယ်  ကိုဆက်ရက်
ပြောပြပေးပါကွယ့်  …
မိုးစဲပါလို့ နေခြည်ဖြာ
သိလို့အော်တာပါ …
ရာသီအကြောင်းကို ကြိုကာတွက်
က၀ိ ကှိုဆက်ရက်  …
ပုရွက်ငယ်တို့ အိမ်ယာချီ
အိမ်ပေါ်သွားနေသည် …
ဘာလို့ချီသည်  ကိုပုရွက်
ပြောပြပေးပါကွယ့် …
မိုးများပါလို့ ရေ၀င်မည်
ကြိုတင်သိပါသည်  ..
သည်မိုးသည်ရေ လုံစေဖို့
အိမ်ယာ ရွှေ့တယ်ဗျို့   …
သဘာဝမို့ သိနားလည် 
အံ့သြ မှတ်စဖွယ်  …
ဥတုအကြောင်းရယ် ကြိုသိထား
တိရိစ္ဆာန်လေးများ  ….

ပျိုးယုဝသုန်
11:57:17 AM
24-12-2011
Saturday (BNE)

ကလေးကဗျာများ (၁၂)

သိုးကလေး


သိုးကလေး  သိုးကလေး
အသားဖြူဖြူဖွေး …
ကောက်ကောက်ကွေးကွေး ဆံပင်ဝါ
သိုးလေးပိုင်ဆိုင်တာ …
မျှဝေပါတယ်  သူ့စိတ်ထား
ညှပ်၍ယူပါဗျား  ….
အနွေးထည်နဲ့ ခြုံစောင်ထည်
ရက်လို့ယူပါကွယ် …
သိုးမွေးထည်ရယ် လူအများ
ဝတ်နိုင်ကြစေသား  …
ဆောင်းတွင်းခါမို့  နွေးစေသော်
သိုးလေးသူလေပျော်  …
မြက်ခင်းပေါ်ဝယ်  ခုန်ကာပြေး …
စိတ်ထားဖြူသူလေး …
သိုးလေးမောင်ဖြူဖွေး ..

ပျိုးယုဝသုန်
10:48:35AM
24-12-2011
Saturday (BNE)

ကလေးကဗျာများ - ၁၁




စံပယ်ဖြူဖွေး  ကြူကြူမွှေး
ရနံ့သင်းထုံအေး …
မလေးသီတဲ့  ပန်းစေတီ
ပန်းပွင့်ညှာစီစီ…
မောင်လေးဇာနည်  ကူညီပေး
ပန်းတွေခူးမယ်လေး …
ကြည်လင်နွေးမြ နံနက်မှာ
ဖေဖေလည်းလာပါ …
ဘုရားရှင်မှာ လှူမှာမို့
လက်အုပ်ချီပါစို့  ….

ပျိုးယုဝသုန်
09:09:40 AM
24-12-2011
Saturday (BNE)

Friday 23 December 2011

ကလေးကဗျာများ - ၁၀

ကကြီးခခွေး အိမ်မှာရေး
မောင်လေးမောင်ရင်ထွေး…
တစ်နှစ်သုံးလေး ရေးမယ်နော်
ငှက်လေးတွေလည်းခေါ် ….
ပြတင်းဘောင်ပေါ် စီကာနား
ဆက်ရက်ကိုငှက်ကြား …
သားသားပျော်လို့ ဆိုမယ်ဗျာ
လယ်စောင့်တဲ ကဗျာ …
မေမေကူကာဆိုပါမှ
သားလေးရယ်ရွှင်ပျ   …
ချိုချိုမြမြ ရယ်သံသာ
စိမ့်စမ်းရေပမာ  ..
မေမေ့ရင်မှာ ကြည်လင်အေး
မေတ္တာချောင်းငယ်လေး …
သားလေးမောင်ရင်ထွေး  ….

ပျိုးယုဝသုန်
1:52:56 AM
24-12-2011
Saturday(BNE)

Wednesday 21 December 2011

ညကဗျာ

ဘယ်ကိုသွားမလဲ မောင်ရေခဲ ၊ မောင်ရေခဲကိုဘာလုပ်ခိုင်းမလဲ

ဒီစာစုလေးကိုေ၇းဖို့ကျွန်မအတန်တန်စဉ်းစားခဲ့ပါတယ်..နောက်ဆုံးတော့မနေနိုင်မထိုင်နိုင်နဲ့ပဲရေးဖြစ်ခဲ့ပါတယ်..ခုပြောချင်တာလေးကတော့မြန်မာနိုင်ငံကမိဘတွေသားသမီးတွေကိုနိုင်ငံရပ်ခြားကိုစေလွှတ်ပြီးပညာသင်ကြားစေတဲ့အကြောင်းကလေးပဲဖြစ်ပါတယ်..

လွဲခဲ့ဖူးသော အလွဲများ

တစ်နှစ်ထက်တစ်နှစ်
တစ်ရက်ထက်တစ်ရက်ဆင့်လို့
သက်တမ်းတွေလည်းရင့်ခဲ့ပြီ …

အမှားကိုအမှန်ထင်
ပြန်မပြင်ချင်တဲ့အတ္တ
လှပတဲ့ဘဝအတုမှာ
အနုအလှကိုလည်းရှာခဲ့တယ် …

စိတ်အစာအတွက်
သိက္ခာဆိုတာကိုချနင်း
အငြင်းပွားရင်းရန်ဖြစ်
အနှစ်မရှိတဲ့တောမှာ
ကြက်ဆူပင်လည်းဖြစ်ဖူးတယ် …

အတ္တကိုအရောင်ဆိုး
ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းထားတဲ့
မုသားများလည်းဆိုဖူးတယ် …

ငါမှ ငါသာ
ငါဆရာဆိုတဲ့အတွေးနဲ့
ငါအလွဲတွေလည်း တွေ့ခဲ့တယ် …

တစ်နှစ်တစ်ခါ
အနှစ်အကာမဲ့
သံတမန်ဆန်တဲ့အပြုံးနဲ့
လက်ဆောင်ပုံးတွေလည်းရခဲ့တယ်  …

ငွေကြေးနဲ့ဘဝ
ရေးခြယ်ကြတဲ့အခါ
ငါဟာငါမဟုတ်
အရုပ်တစ်ရုပ်သာဖြစ်ခဲ့တယ် …

ပကာသနနဲ့မေတ္တာကြား
ခြားနားခြင်းတွေကိုအပြစ်ဆိုရင်း
သူတင်းကိုယ်တင်းမာနတွေနဲ့
နှောင်ကြိုးတွေလည်း ပြတ်ခဲ့တယ် …

တဖြည်းဖြည်းသိလာတဲ့
ဘဝရဲ့အရသာ
ထင်သလို မချိုပါဘူး
နာကျည်းခါးသည်းနေခဲ့တယ် …

ရုန်းထွက်ဖို့အားခဲရင်း
ထင်းထင်းကျန်နေတဲ့ခြေရာ
အနာဂတ်ကာလအတွက်
မပျောက်ပျက်နိုင်မှာပဲစိုးပါတယ် …

ပျိုးယုဝသုန်
04:45:52 AM
15-12-2011
Thursday(BNE)

Tuesday 13 December 2011

ကလေးကဗျာများ - ၉

ကိုကိုကြီးရေ စာကိုဖတ်ဗျ
လမင်းဝါက လာတော့မှာ ..

စာဆိုပြီးရင် ဆော့ကစားဖို့
ညီမလေးတို့ စောင့်နေတာ..

မီးခွက်မှိန်မှိန် အိမ်အရှေ့က
အဘညိုဝတ်ပြုနေတာ ..

အမေကြီးဟာမောင်းဆုံထောင်းလို့
ကောက်ညှင်းပေါင်းများ ကျွေးပါဗျာ ..

သားထွေးညီငယ် ဆော့ကစားကြ
လမင်းဝါကသာလိုက်တာ ...

မမငယ်မှာ လက်ရက်ကန်းနဲ့
ဖျင်တဘက်လေး ယက်နေတာ  ..

ညကောင်းကင်မှာ တိမ်ညိုကင်းစ
လမီးအိမ်ကြီးထွန်းနေတာ ..

မောင်နှမတွေ ဆော့ကစားလို့
ပြုံးပျော်ရွှင်မြူး ညချိန်မှာ ..
ကစားပါ  ကစားမှာ ....

ပျိုးယုဝသုန်
13-12-2011
03:44:40PM
Tuesday(BNE)

Space

The Chamber

Monday 12 December 2011

ခင်ပွန်းကောင်း

အတွေးများ

နေအ၀င်

ဘောက်တူအို

ဘဝ

မိန်းကလေး

My Tulip

Calla Lily

Cup

စကားပန်း

ခက်

တွေ့မမြင်
တွေ့ချင်လျက်စိတ်ထား
အနားအမှာယှဉ်ကာထားချင်ရဲ့
ရင်မှာလေ ဝေဒနာပွား
ခက်လှချည်လား  …

တွေ့မြင်ပြန်
စိတ်ခံရ ခက်သား
စက်မပြေ မက်အိပ်မက်တွေနှင့်
လွမ်းမပြေဝေဒနာများ
ပွားလျက်သာပွား …

ပျိုးယုဝသုန်
(ရန်ကုန်)

ကဗျာဆရာတစ်ယောက် အကြောင်း

ဆီမထည့်တဲ့ခေါင်း
နီကြောင်ကြောင်နိင်လှကြောင်းက
မပြောပဲလည်းသိ
ဒါပေမယ့်  .. သူစိတ်မရှိတယ် …

ထူထဲတဲ့မျက်မှန်အတွင်း
ကျဉ်းမြောင်းတဲ့မျက်ဝန်းတစ်စုံ
မမှိတ်မသုံ ဖွင့်ထား
ကာရန် ဘယ်လိုလဲ သူစဉ်းစား  …

ဆေးပေါ့လိပ်ကိုခဲ
စိတ်ကူးထဲမှာအတွေး
ကဗျာရေးဖို့အကြံထုတ်
သူ့အလုပ်တစ်ခုက
ဘဝလား .. အလှလား
အကြွလား  .. အရွလား
နောက်ဆုံးတော့လည်း
ညတစ်ည အကြောင်းပါပဲလေ …

ပစ္စုတ်ဒေဝ
ညစ်စုတ်ပေသမျှ
မေးငေါ့ကြ လူတွေကြား
သူ့စိတ်အလေးမထားပဲ
ခါးပုံစတစ်တောင်တွဲနဲ့
စုတ်ပြဲတဲ့အင်္ကျီ
ချုပ်လို့ပင်မသီဘူး
သြော် .. ကဗျာရူး ..စာရူး  ..

ကဗျာအကြောင်း စာအကြောင်း
ဆွေးနွေးတဲ့လမ်းကြောင်းမှာ
သူပါရောလျောက်ရင်း
ထမင်းမစား ဟင်းမစား
နေနိုင်လျက်အားသည် ..

ချိနဲ့လို့ပိန်လှီ
ခန္ဓာကိုယ်အဆီက
ဗလာနတ္ထိမရှိသမို့
အရိုးပေါ်အရေတင်
သို့ပေမင့်သူကား
စဉ်အမြဲကြုံးဝါးသည် …
“ ငါသည်ကဗျာဆရာဖြစ်လေသည် ..” တဲ့ ….

ပျိုးယုဝသုန်
(ရန်ကုန်)

စိတ်၏ ပုံရိပ်

ပျင်းရိညည်းငွေ့ဖွယ်နေ့တစ်နေ့ရဲ့သတ္တိ
အဖော်ဆိုတာနတ္ထိ
အပျော်ဆိုတာမရှိ
အတွေးတွေက ဟိုတစ်ပေါက်ဒီတစ်ပေါက်
ငါဘယ်ဆီများရောက်နေလဲ  …

ငြီးငွေ့နေတဲ့စိတ်
အတိတ်ရဲ့အရိပ်ကိုပြန်တွေးရင်း
အခန်းကျဉ်းကျဉ်းလေးထဲမှာ
ငါ ..တစ်ယောက်ထဲပဲလေ …

အရင်က ငါးမတ်
အခုတော့ ငါးကျပ်တဲ့
ဈေးတက်လာခဲ့တဲ့မင်တံလေး
ကိုင်ကာငေးတွေးရင်း
ငါ ..ဘာတွေများရေးရပါ့ …

အထီးကျန်ဆန်တဲ့နေ့တစ်ရက်
အကျည်းတန်တဲ့နေ့တစ်ရက်
စိတ်ပျက်ဖွယ်သောနေ့တစ်ရက်နဲ့
အိပ်စက်မလွယ်သောနေ့တစ်ရက်မှာ
ကိုးကွယ်စရာ နေရာရှာတော့
ငါ့စိတ်ဖြေရာ ..  ..  ကဗျာသာ …

ပျိုးယုဝသုန်
(ရန်ကုန်)

နားးလည်စေ

လလေးသာသာ
ညအခါမှာ
ချိုသာစကား
သူပြောကြားလျင်
ရင်တွင်းလှိုက်ခုန်
ရှိုက်မောတယ် …

သတိရပေးပါ
ဟိုစဉ်ခါက
ကြင်နာအကြည့်
ငါရရှိလျင်
ရင်တွင်းလှိုက်ခုန်
ရှိုက်မောတယ် …

မှတ်မိပေးပါ
ချိန်တခါက
သူနာဖျားစဉ်
စိတ်ပူပန်ပြီး
တန်တန်စကား
ငါမှာကြားတယ် …

အကယ်၍များ
ငါမှားခဲ့လျင်
ချစ်ခင်စိုးထိတ်
ငါ့စိတ်လေးကို
သင်လည်းခွင့်လွှတ်နိုင်ပါစေ


ပျိုးယုဝသုန်
(ရန်ကုန်)

သတိ

ထင်ယောင်ထင်မှား
ဝိုးတ၀ါးနဲ့
ဖြေမဲ့ပုစ္ဆာ
ဖွေကာရှာသော်
ကြင်ဖော်မဲ့ငြီး
လမ်းခရီးကို
မင်းလှမ်းရမယ်  ..သူငယ်ချင်း …
ဝင်္က၀ုတ္တိ
ထည့်မကြည့်နဲ့
အရှိကိုသင်
အမှန်မြင်သော်
မင်းပျော်ရမယ်  .. သူငယ်ချင်း …

ပျိုးယုဝသုန်
(ရန်ကုန်)

အပူ

နွေနေပူပူ
ဦးဏှောက်က ဆူလာ
ကဗျာကမရွေး
စာပေတိုက်လေးတွေအကုန်သွား
ငါ .. ကဗျာသမား ….

ဟိုတိုက်ကလည်းမကြိုက်
ဒီတိုက်ကလည်းမယူ
ပူပြင်းတဲ့လမ်းမတစ်လျောက်
ထီးမပါ ငါလျောက်ခဲ့
ငါ့ရဲ့အပူ
ဘယ်သူကူလို့ငြိမ်းမှာလဲ  ….

သမီးကဖျား
မယားကဆူ
ကြွေးကလည်းထူတော့
ငါ့ ခေါင်းတွေလည်းပူလာပြီ ….

နောက်တစ်ခါကြိုးစား
ကဗျာသမားငါ
ကဗျာသာထပ်ရေး
ဒီတခါအတွေးက
သြော် ..ရွေးမှ ရွေးပါ့မလား ..ပေါ့ …


ပျိုးယုဝသုန်
(ရန်ကုန်)

ပုံရိပ်

တမ်းတမ်းတတ
အလွမ်းညတွင်
ရင်ခုန်လှိုက်မော
လွမ်းသူ့ဇောနဲ့(နှင့်)
ပြန်လှည့်ကြည့်မိ
သူမရှိ  …

ညိတွယ်နေဆဲ
စိတ်ထဲနွမ်းလျ
အလွမ်းညမှာ
တမ်းတပျော်ဝင်
စိတ်သခင်၏
အရိပ်အမြဲ ရှိနေဆဲ ….

ပျိုးယုဝသုန်
6:10:08 PM
6-11-2011
Sunday ( YGN)

သင်နှင့် သင်၏ အနီးဆုံးတွင်

အတိတ်ကအတိတ်
အရိပ်ကအရိပ်
စိတ်ကို မနှိပ်စက်နဲ့ကွယ်.. ၊

အိပ်မက်ဆိုတာခဏ
နိုးထတော့ပျောက်ကွယ်
ပျက်လွယ်တဲ့သဘော
ဒါကိုစောကြောကြည့်ရမယ် ..၊

ပျောက်ဆုံးနေတဲ့တစုံတရာ
ရှိချင်လည်းရှိမှာပေါ့
ရှာရင်းမောမှာစိုးပါတယ်..၊

ပစ္စုပ္ဗန်ကိုတည့်တည့်တွေး
အနာဂါတ်အရေးကိုအိပ်မက်
အတိတ်ရဲ့သမိုင်းကိုချန်ခဲ့ပေါ့..၊

ထက်သန်တဲ့စိတ်အကြံနဲ့
ခပ်မှန်မှန်ဖြတ်သန်း
ပန်းတိုင်ဆိုတဲ့အဆုံးခရီး
မင်း အနီးကလေးမှာရှိခဲ့တယ်  ..။

မမ၀သုန်
3-09-2011
16:57:22pm
Saturday (BNE )

အတိတ်တွင်ပျာက်ဆုံးနေခဲ့သည်များကို ရှာဖွေချင်နေသော မိတ်ဆွေလေး အတွက် ရေးဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ် 

သူငယ်ချင်းများ ... သို့ (၃)

သူငယ်ချင်း
ဆွေရင်းတမျှ
ဖေးကူမလို့
မျှဝေကောင်းခြင်း
ပျော်ရွှင်ခြင်းကား
ငါ့အား နင်ပေးခဲ့သည်သာ  .. ။

အားငယ်တိတ်ဆိတ်
တံခါးပိတ်လို့
ကြိတ်မှိတ်မျက်ရည်
ဝေစဉ်သောက
ထိုခဏကို
ပယ်ရှားနင်ပေးခဲ့သည်သာ ..။

ပျော်ရွှင်ရယ်မော
ဟာသနှောလို့
ပြောဆိုအားပေး
ဘယာဝေးစေ
စိတ်အေးစေဖို့
ဖန်တီးနင်ပေးခဲ့သည်သာ  ..။

ငါ ....
ကြည်နူးရွှင်ပြ
ဝမ်းသာရပေါ့...
စိတ်တူအတွေး
မိတ်ဆွေလေးရေ
ဘ၀နေပျော်
တိုင်ပင်ဖော်ပေါ့
ငါတို့ အမြဲနော်   .. ရှိကြမယ် .. ။

ပျိုးယုဝသုန်
21:48 pm
09/08/2011
Tuesday

သူငယ်ချင်းများ ... သို့ (၂)

ငယ်ကပေါင်းသင်း
ဆွေရင်းမိတ်ဆွေ
မဟုတ်ပေလည်း
ဝေခွဲလိုခြင်း
မင်းစိတ်ရင်းက
အလင်းငါ့အားပေးခဲ့သည် …

တွေ့မြင်ခဏ
ဒီကာလကို
ရှည်ကြာလှထင့်
ဆယ်ဆမြှင့်လို့
ငါ့တို့ခင်မင်
သံယောဇဉ်နွယ်
ထုထည်ခိုင်မာရှိခဲ့ပြီ …

တစ်သက်စာနော်
ဖေးကူပါကွယ့်
ပျော့နွဲ့စိတ်ထား
သင်မြင် ကြားလျင်
ညင်သာစွာတွေး
ကူညီပေးပါ
ငါက .. ဝမ်းနည်းတတ်လို့ပါ …

မမဝသုန်
11:16:12
9-9-2011
Friday (BNE)