စံပယ်ဖြူဖွေး ကြူကြူမွှေး
ရနံ့သင်းထုံအေး …
မလေးသီတဲ့ ပန်းစေတီ
ပန်းပွင့်ညှာစီစီ…
မောင်လေးဇာနည် ကူညီပေး
ပန်းတွေခူးမယ်လေး …
ကြည်လင်နွေးမြ နံနက်မှာ
ဖေဖေလည်းလာပါ …
ဘုရားရှင်မှာ လှူမှာမို့
လက်အုပ်ချီပါစို့ ….
ပျိုးယုဝသုန်
09:09:40 AM
24-12-2011
Saturday (BNE)
No comments:
Post a Comment