Friday 23 December 2011

ကလေးကဗျာများ - ၁၀

ကကြီးခခွေး အိမ်မှာရေး
မောင်လေးမောင်ရင်ထွေး…
တစ်နှစ်သုံးလေး ရေးမယ်နော်
ငှက်လေးတွေလည်းခေါ် ….
ပြတင်းဘောင်ပေါ် စီကာနား
ဆက်ရက်ကိုငှက်ကြား …
သားသားပျော်လို့ ဆိုမယ်ဗျာ
လယ်စောင့်တဲ ကဗျာ …
မေမေကူကာဆိုပါမှ
သားလေးရယ်ရွှင်ပျ   …
ချိုချိုမြမြ ရယ်သံသာ
စိမ့်စမ်းရေပမာ  ..
မေမေ့ရင်မှာ ကြည်လင်အေး
မေတ္တာချောင်းငယ်လေး …
သားလေးမောင်ရင်ထွေး  ….

ပျိုးယုဝသုန်
1:52:56 AM
24-12-2011
Saturday(BNE)

No comments: