Monday 25 April 2011

ဝှဲအစ်စ် ပလပ်ပေါက်စ်

လန်ဒန်မြို့သို့ မြန်မာကျောင်းသားလေးတစ်ယောက် အလည်ရောက်လာသည် ..
အစစအရာရာအသုံးစရိတ်ဈေးကြီးသောကြောင့် အချိန်ပိုင်းအလုပ်ဝင်လုပ်ရန် သူဆုံဖြတ်လိုက်သည်..

နားလည်ခြင်း

တစ်ရက်မမြင်ရလျင်ဖြင့်
တစ်သက်တာစိတ်မှာဝေးထင်၏
တွယ်မိတဲ့သံယောဇဉ်..
အသင်မကြင်ချင်ပေသမို့
သည် အမျှင် အရှင်ဖြတ်လျင်လည်း
ညင်သာစွာနောက်အပါးမှာ 
ရပ်လို့ဖြင့်နေတော့မယ်
လှည့် ထွက်လို့ဘဲဖြစ်ဖြစ်
ရက်စက်လို့ဘဲဖြစ်ဖြစ် ..... 

ပျိုးယုဝသုန်

Sunday 24 April 2011

အတ္တ



ရွက်ကြမ်းရေကြိုအနမ်းတစ်ခုက 
ရနံ့မရှိတဲ့ပန်းပေါ်  
မဖိတ်ခေါ်ဘဲရောက်လာတယ်    
ပန်းအတွေး..............  
အနမ်းကလေး   
ငါ့ကိုပေးတာ 
မြတ်နိုးလို့ဘဲဖြစ်မှာပါ ...  
အနမ်းအတွေး..........
မမွှေးတဲ့ပန်း 
မလှမ်းချင်ဘူး     
လှည့်ထွက်နောက်ဆုတ်နေတော့မယ်....

ပျိုးယုဝသုန်

ကျွန်တော်နှင့်ဓါးတစ်လက်အကြောင်း





ဆန်းကျယ်တဲ့အနုလက်ရာနဲ့ထုဆစ်ထွင်းထားတဲ့ ဆင်စွယ်ရောင် အိမ်ရှိတဲ့ လှပ ထက်မြတဲ့ ဓါးတစ်လက်ကို တွေ့ရှိမယ်ဆိုရင် သင်တို့ ဘာများ လုပ်ကြမလဲ ၊ ထိရှနိုင်တယ်ဆိုတာ သိလျက်နဲ့ အနည်းဆုံးတော့ သတိထားပြီး ကိုင်ကြည့်ချင်ကြမယ်လို့ကျွန်တော် ယုံကြည်ပါတယ် ၊ အထူးသဖြင့် ကျွန်တော်တို့လို ယောက်ျားလေးတွေ ပေါ့ ။





အိပ်ချိန်ရောက်ပြီ

တခါတုန်းက  ဒုက္ခသည် လင်မယားနှစ်ယောက်ဟာ သြစတေးလျားနိုင်ငံ ရဲ့မြို့တစ်မြို့ ကိုရောက်လာခဲ့တယ်..

ရောက်ပြီးသိပ်မကြာခင်မှာဘဲ ခင်ပွန်းဖြစ်သူဟာ Pokies လို့ခေါ်တဲ့ လောင်းကစားတစ်မျိုးကို စွဲလန်းလာခဲ့တယ် ..

တိတ်တခိုး

မတွေ့ မမြင်
တွေ့ ချင်ရဲ့ စိတ်ထဲ
မြင်မရဲပါဘု
ရင်ထဲမှာ ဘလောင်ဆူလို့ 
အတွင်းပူလူမသိအောင်
ဟန်ဆောင်ကာ ကိုယ်လေပြုံး
ပုန်းလို့ နေမယ်..

ပျိုးယုဝသုန်

မှာတမ်း


ညချမ်းရယ်မှ ရှည်ရှည်
အလွမ်းကို လေမှာလွှင့်
မျှောလိုက်ပါသလေ ..
နှမငယ် ရေ ..
သိစေတော့မောင့်ဖုန်း
ဥပေက္ခာ ပြုကာထားပါနဲ့
လှည့်ကြည့်ပါ့ဦး  ..


ပျိုယုဝသုန်

ဆုံးမစာ



သမုဒယ
ဒီခဏကို
တပ်မက်အစဉ်
သင်နေလျင်တော့
ဆက်ရန်လမ်းကရှည်ဦးမည် ..

ပျိုးယုဝသုန်

နယ်လီ




မေတ္တာကြီးမားတော်မူလှသော ဘုရားသခင်၊ ကျွန်ုပ်သည် တစ်ယောက်ထဲ ကျန်ခဲ့ခြင်း မှ ကင်းလွတ်ပြီးလျင် ကောင်းကင်ဘုံတွင်ရောက် ရှိနေပြီဖြစ်သော ကျွနိုပ်၏ ချစ်ခင်ရသောသူများနှင့် အတူနေရခြင်းငှာ ယခု အသက်ရှင်နေရခြင်းမှ လွတ်မြောက်ရစေ ..



အမြင်မှန်


အမှန်ကို အမှောင်ဖုံး
လုံးလုံးကိုသူပျော် ...
လောကီဘုံ လူတို့ဇတ် ..
ရှုပ်လှသည်နော် ..
အပေါင်းနဲ့အဖော်ရယ် ..
ပျော်ပါနဲ့သက်လုံး ..
အပူကိုသကာဖုံးတာမို့ ..
ရွေးလိုက်ပါဦး ...

ပျိုးယုဝသုန်...

ညအကြောင်း

ညအခါ
လသာသာ
ငယ်စဉ်ခါက
ကစားကြ ..
ကြီးပြင်းတဲ့အခါ
လသာသာ
စကားမြည်ကြ
ဗိုင်းငင်ကြ ..
လောကမာယာ
သိသောခါမူ
ကဗျာရေးကြ
ညအလှ ..
တရားဓမ္မ
ဖတ်ပါကြ ..

အိပ်ပျက်ညအကြောင်း

ဝမ်းဗိုက်ဟာဟာ.. 
သည်ညမှာဖြင့်... 
အိပ်စက်မရ .... 
လွန်ခက်လှသည် ..
ခေါက်ဆွဲ စားရလျှင်... 
လွန်ကောင်းမည်

သစ်အိုပင်၏သံယောဇဉ်

ငှက်ကလေး ..
အဝေးမှလာ
ညောင်းညာလှပြီမို့
ပင်အိုပေါ် ခြေတစ်ဖျား
သူနားခဲ့သည်..
ကိုင်းဖျားရှင် အပင်က
ကြည်လင်စွာလက်ခံယင်း
မောပန်းခြင်းကင်းအောင်
အရိပ်ကိုထီးလိုမိုး
သြော် .. သံယောဇဉ်ကြိုး ..
ငှက်ကလေး ..
အမောလည်းပြေ
လန်းဆန်းမှုဝေပြီမို့ 
သူလိုရာခရီးလမ်း
ဆက်လက်ပျံသန်း
အပင်အို ..
မျက်လုံးတစ်ဆုံးငေး..
ငှက်ကလေးရေ ..
ပြန်လာလေမှာလား ..
နုပျိုသစ်လွင်တဲ့ 
ပင်ပျိုပေါ်အစဉ်နား ..
ပျော်ပိုက်နေလား ... 

သတ်ပုံမှားခဲ့သူ

တစ်ရံတစ်ခါက
မာနတွေနဲ့ ကျွန်မ
ရွှင်ပြလို့ ကြည်နူး
ပျော်လည်းပျော်ခဲ့ဖူးပါတယ် ..
အပေါ်ယံအလှနဲ့ 
ပကာသနတွေကြားမှာ
ဒါဟာ ဘ၀  လို့ 
မပြည့်ဝတဲ့ အတွေးတွေနဲ့ 
အရေးလည်းမှားခဲ့ဖူးပါတယ် ..
သတ်ပုံမှန်အတွက်
အဘိဓါန်ကခက်ခဲတော့
လျော့ရဲ တဲ့စိတ်အတွေးနဲ့ 
လက်လည်းနှေးခဲ့ ဖူးပါတယ် ..
အမှားပြင်ဖို့ 
အားအင်တချို့ ကိုချခင်း 
နင်းလျောက်ယင်း လမ်းကျဉ်းကျဉ်းမှာ..
ခုတော့လေ ..
နေလည်းနေတတ်ခဲ့ပါပြီ ..
ကျေလည်းကျေနပ်ခဲ့ပါပြီ ..

၁၈ ၊ ၀၁ ၊ ၂၀၁၁

သူ့အကြောင်း

ရန်ကုန်ဟာ
အိနြေကြီးတဲ့
အပျိုကြီး တစ်ယောက်လိုပဲမောင် ..
အယင် ရက်တွေကလို
မသွက်လက်ပေမယ့်
လေးနက်နေတဲ့ အတွေးတွေ
သူ့ မျက်ခုံးထောင့်လေးမှာတွေ့ နေတယ် ..
ကျွတ်ကျခဲ့ ဆံပင်တွေနဲ့ 
လျော့ပါးလာတဲ့ စည်းစိမ်
စိတ်ခိုင်ခိုင်ထားပြီး
လောကဒဏ်ကိုရင်ဆိုင်
ယှဉ်ပြိုင်ဖို့ ကြိုးစား
သူ့ အားရှိသလောက်ပေါ့ မောင် ..
လှပတဲ့ အတိတ်တွေနဲ့ 
ရွှေထီးဆောင်းခဲ့တဲ့ကာလ
တမ်းတမှုနဲ့ အတွေး
သူ ရင် လေးကောင်းလေးနေမယ် မောင် ..
ဘယ်လိုပဲ ဖြစ်ဖြစ်
အသစ်မရှိသည့်တိုင်
ရင့်ကျက်မှု တွေနဲ့ သူမ ..
လှပနေဆဲ ပါ မောင် ..

ဆုတောင်း

နေချင်တာကတခြား


နေရတာကတနယ် 


ုကင်္မာရယ် မတရားပေဘူး


ကံဇတ်ဆရာ ပြုကာပေးယင်တော့


တောင်းဆုကို အကျွန်ပြုမယ် 


နီးရစေသား ..