Sunday 24 April 2011

သတ်ပုံမှားခဲ့သူ

တစ်ရံတစ်ခါက
မာနတွေနဲ့ ကျွန်မ
ရွှင်ပြလို့ ကြည်နူး
ပျော်လည်းပျော်ခဲ့ဖူးပါတယ် ..
အပေါ်ယံအလှနဲ့ 
ပကာသနတွေကြားမှာ
ဒါဟာ ဘ၀  လို့ 
မပြည့်ဝတဲ့ အတွေးတွေနဲ့ 
အရေးလည်းမှားခဲ့ဖူးပါတယ် ..
သတ်ပုံမှန်အတွက်
အဘိဓါန်ကခက်ခဲတော့
လျော့ရဲ တဲ့စိတ်အတွေးနဲ့ 
လက်လည်းနှေးခဲ့ ဖူးပါတယ် ..
အမှားပြင်ဖို့ 
အားအင်တချို့ ကိုချခင်း 
နင်းလျောက်ယင်း လမ်းကျဉ်းကျဉ်းမှာ..
ခုတော့လေ ..
နေလည်းနေတတ်ခဲ့ပါပြီ ..
ကျေလည်းကျေနပ်ခဲ့ပါပြီ ..

၁၈ ၊ ၀၁ ၊ ၂၀၁၁

No comments: