Sunday 24 April 2011

သစ်အိုပင်၏သံယောဇဉ်

ငှက်ကလေး ..
အဝေးမှလာ
ညောင်းညာလှပြီမို့
ပင်အိုပေါ် ခြေတစ်ဖျား
သူနားခဲ့သည်..
ကိုင်းဖျားရှင် အပင်က
ကြည်လင်စွာလက်ခံယင်း
မောပန်းခြင်းကင်းအောင်
အရိပ်ကိုထီးလိုမိုး
သြော် .. သံယောဇဉ်ကြိုး ..
ငှက်ကလေး ..
အမောလည်းပြေ
လန်းဆန်းမှုဝေပြီမို့ 
သူလိုရာခရီးလမ်း
ဆက်လက်ပျံသန်း
အပင်အို ..
မျက်လုံးတစ်ဆုံးငေး..
ငှက်ကလေးရေ ..
ပြန်လာလေမှာလား ..
နုပျိုသစ်လွင်တဲ့ 
ပင်ပျိုပေါ်အစဉ်နား ..
ပျော်ပိုက်နေလား ... 

No comments: