Monday 25 April 2011

ဝှဲအစ်စ် ပလပ်ပေါက်စ်

လန်ဒန်မြို့သို့ မြန်မာကျောင်းသားလေးတစ်ယောက် အလည်ရောက်လာသည် ..
အစစအရာရာအသုံးစရိတ်ဈေးကြီးသောကြောင့် အချိန်ပိုင်းအလုပ်ဝင်လုပ်ရန် သူဆုံဖြတ်လိုက်သည်..

ဟီသရိုးလေဆိပ် တာမီနယ် ၄  ကားရပ်နားရာနေရာတွင် သန့်ရှင်းရေးဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ရန် အလုပ်ရခဲ့သည်..
မနက်စောစော ကျောင်းသားလေး အလုပ်စဆင်းသည် ..
ဝတ်စုံပြည့်ဝတ်လျက် သန့်ရှင်းရေးတွန်းလှည်းကြီးကို တွန်းပြီး ပျော်ရွှင်စွာ လုပ်ငန်းကိုစသည် ..
ပွနေသောအမှိုက်များ ကို ကောက်ပြီးချိန် အခြားသန့်ရှင်းရေးအလုပ်များကိုဆက်လက်လုပ်ဆောင်ရန် ပလပ်ပေါက်ကို လိုက်ရှာသည် ..
ကောင်လေး ချွေးပြန်နေသည် .. ပလပ်ပေါက်ကို အချိန်အတော်ကြာသည်အထိရှာမတွေ့သေး ..
အလုပ်မပြီးလျင် မန်နေဂျာ ဆူမှာကို ကောင်လေးမလိုလား ..
ကောင်လေးကံကောင်းသွားသည် ..  ကြီးကြပ်ရေးမှူးကို လှမ်းတွေ့လိုက်သည်..
ကြီးကြပ်ရေးမှူးထံမှ အကူအညီတောင်းရန်ကောင်လေးဆုံးဖြတ်လိုက်သည် ..
ခက်ပြီ .. ပလပ်ပေါက်လို အင်္ဂလိပ် လိုဘယ်လို ခေါ်လဲဆိုတာကောင်လေးမေ့သွားသည် ..
ကောင်လေးစိတ်ကိုတင်းလိုက်သည် .. ထို့နောက် ကြီးကြပ်ရေးမှူးနားကို လျောက်သွားသည်..
မောနင်းဆာ .. ကောင်လေးကြီးကြပ်ရေးမှူးကိုနှုတ်ဆက်လိုက်သည်..
မောနင်း ဘွိုင်း ... ကြီးကြပ်ရေးမှူး က ကောင်လေးကို ပြန်နှုတ်ဆက်လိုက်သည် ..
ကောင်လေးအားတင်းပြီး ကြီးကြပ်ရေးမှူးကို မေးလိုက်သည် ..
“ ဝှဲအစ်စ် ပလပ်ပေါက်စ် ..ဆာ .. .. ”

No comments: