Saturday 24 December 2011

ကလေးကဗျာများ (၁၂)

သိုးကလေး


သိုးကလေး  သိုးကလေး
အသားဖြူဖြူဖွေး …
ကောက်ကောက်ကွေးကွေး ဆံပင်ဝါ
သိုးလေးပိုင်ဆိုင်တာ …
မျှဝေပါတယ်  သူ့စိတ်ထား
ညှပ်၍ယူပါဗျား  ….
အနွေးထည်နဲ့ ခြုံစောင်ထည်
ရက်လို့ယူပါကွယ် …
သိုးမွေးထည်ရယ် လူအများ
ဝတ်နိုင်ကြစေသား  …
ဆောင်းတွင်းခါမို့  နွေးစေသော်
သိုးလေးသူလေပျော်  …
မြက်ခင်းပေါ်ဝယ်  ခုန်ကာပြေး …
စိတ်ထားဖြူသူလေး …
သိုးလေးမောင်ဖြူဖွေး ..

ပျိုးယုဝသုန်
10:48:35AM
24-12-2011
Saturday (BNE)

No comments: