Saturday 24 December 2011

ကလေးကဗျာများ (၁၃)



ဆက်ရက် ဆက်ရက်  တကြော်ကြော်
အပင်ထက်မှာအော်  …
ဘာလို့အော်တယ်  ကိုဆက်ရက်
ပြောပြပေးပါကွယ့်  …
မိုးစဲပါလို့ နေခြည်ဖြာ
သိလို့အော်တာပါ …
ရာသီအကြောင်းကို ကြိုကာတွက်
က၀ိ ကှိုဆက်ရက်  …
ပုရွက်ငယ်တို့ အိမ်ယာချီ
အိမ်ပေါ်သွားနေသည် …
ဘာလို့ချီသည်  ကိုပုရွက်
ပြောပြပေးပါကွယ့် …
မိုးများပါလို့ ရေ၀င်မည်
ကြိုတင်သိပါသည်  ..
သည်မိုးသည်ရေ လုံစေဖို့
အိမ်ယာ ရွှေ့တယ်ဗျို့   …
သဘာဝမို့ သိနားလည် 
အံ့သြ မှတ်စဖွယ်  …
ဥတုအကြောင်းရယ် ကြိုသိထား
တိရိစ္ဆာန်လေးများ  ….

ပျိုးယုဝသုန်
11:57:17 AM
24-12-2011
Saturday (BNE)

No comments: