Monday 12 December 2011

အပူ

နွေနေပူပူ
ဦးဏှောက်က ဆူလာ
ကဗျာကမရွေး
စာပေတိုက်လေးတွေအကုန်သွား
ငါ .. ကဗျာသမား ….

ဟိုတိုက်ကလည်းမကြိုက်
ဒီတိုက်ကလည်းမယူ
ပူပြင်းတဲ့လမ်းမတစ်လျောက်
ထီးမပါ ငါလျောက်ခဲ့
ငါ့ရဲ့အပူ
ဘယ်သူကူလို့ငြိမ်းမှာလဲ  ….

သမီးကဖျား
မယားကဆူ
ကြွေးကလည်းထူတော့
ငါ့ ခေါင်းတွေလည်းပူလာပြီ ….

နောက်တစ်ခါကြိုးစား
ကဗျာသမားငါ
ကဗျာသာထပ်ရေး
ဒီတခါအတွေးက
သြော် ..ရွေးမှ ရွေးပါ့မလား ..ပေါ့ …


ပျိုးယုဝသုန်
(ရန်ကုန်)

No comments: