Monday 12 December 2011

ခက်

တွေ့မမြင်
တွေ့ချင်လျက်စိတ်ထား
အနားအမှာယှဉ်ကာထားချင်ရဲ့
ရင်မှာလေ ဝေဒနာပွား
ခက်လှချည်လား  …

တွေ့မြင်ပြန်
စိတ်ခံရ ခက်သား
စက်မပြေ မက်အိပ်မက်တွေနှင့်
လွမ်းမပြေဝေဒနာများ
ပွားလျက်သာပွား …

ပျိုးယုဝသုန်
(ရန်ကုန်)

No comments: