ဆီမထည့်တဲ့ခေါင်း
နီကြောင်ကြောင်နိင်လှကြောင်းက
မပြောပဲလည်းသိ
ဒါပေမယ့် .. သူစိတ်မရှိတယ် …
ထူထဲတဲ့မျက်မှန်အတွင်း
ကျဉ်းမြောင်းတဲ့မျက်ဝန်းတစ်စုံ
မမှိတ်မသုံ ဖွင့်ထား
ကာရန် ဘယ်လိုလဲ သူစဉ်းစား …
ဆေးပေါ့လိပ်ကိုခဲ
စိတ်ကူးထဲမှာအတွေး
ကဗျာရေးဖို့အကြံထုတ်
သူ့အလုပ်တစ်ခုက
ဘဝလား .. အလှလား
အကြွလား .. အရွလား
နောက်ဆုံးတော့လည်း
ညတစ်ည အကြောင်းပါပဲလေ …
ပစ္စုတ်ဒေဝ
ညစ်စုတ်ပေသမျှ
မေးငေါ့ကြ လူတွေကြား
သူ့စိတ်အလေးမထားပဲ
ခါးပုံစတစ်တောင်တွဲနဲ့
စုတ်ပြဲတဲ့အင်္ကျီ
ချုပ်လို့ပင်မသီဘူး
သြော် .. ကဗျာရူး ..စာရူး ..
ကဗျာအကြောင်း စာအကြောင်း
ဆွေးနွေးတဲ့လမ်းကြောင်းမှာ
သူပါရောလျောက်ရင်း
ထမင်းမစား ဟင်းမစား
နေနိုင်လျက်အားသည် ..
ချိနဲ့လို့ပိန်လှီ
ခန္ဓာကိုယ်အဆီက
ဗလာနတ္ထိမရှိသမို့
အရိုးပေါ်အရေတင်
သို့ပေမင့်သူကား
စဉ်အမြဲကြုံးဝါးသည် …
“ ငါသည်ကဗျာဆရာဖြစ်လေသည် ..” တဲ့ ….
ပျိုးယုဝသုန်
(ရန်ကုန်)
No comments:
Post a Comment