Wednesday 28 December 2011

အလင်းမဲ့ မြို့သူ




ညို့ညို့မှိုင်းမှုန်
ကြယ်စုံမလင်း
နွေးထွေးခြင်းမဲ့
ခိုမိတဲ့အိမ်
ဆိတ်ဆိတ်ငြိမ်သည်
ကျိမ်စာတွေဖြင့်ပြည့်နှင့်သည် 
မသင်းပျံ့ပျံ့
ရနံ့မဲ့ပန်း
မလန်းညှိုးခြောက်
သောက်မိတစ်စက်
ဤရေခွက်
အက်စစ်များနှင့်ပြည့်ခဲ့ပြီ 

ပျိုးယုဝသုန်
5:35:49 PM
27-12-2011
Tuesday (BNE)

No comments: