Wednesday 28 December 2011

မုဆိုးတို့ ရွာ




တောင်ထန်းရယ်ကာ
အမိုးမှာ ဖက်သာခင်းပါလို့
မုဆိုးတို့ ရွာ …
သားကောင်ရှာ
ရလာလျှင်ရွှင်ပြုံး
ဆန်ပဲစုံ ဆားဆီသုံးချင်ရဲ့
လှယ်ကြပါဦး …
တစ်ရွာဝင် တစ်ရွာကြား
အသားတွဲတကြော်ကြော်
လှယ်မယ့်သူမျှော် 
မှောင်ရိပ်ကပေါ်
နေညို့သော်မကုန်သေး
အသားကင် ကျပ်စင်သွင်းပါလို့
မျှင်လိုက်မယ်လေး …

ပျိုးယုဝသုန်
10:51:07 AM
28-12-2011
Wednesday (BNE)

No comments: