Monday 12 December 2011

သူငယ်ချင်းများ ... သို့ (၂)

ငယ်ကပေါင်းသင်း
ဆွေရင်းမိတ်ဆွေ
မဟုတ်ပေလည်း
ဝေခွဲလိုခြင်း
မင်းစိတ်ရင်းက
အလင်းငါ့အားပေးခဲ့သည် …

တွေ့မြင်ခဏ
ဒီကာလကို
ရှည်ကြာလှထင့်
ဆယ်ဆမြှင့်လို့
ငါ့တို့ခင်မင်
သံယောဇဉ်နွယ်
ထုထည်ခိုင်မာရှိခဲ့ပြီ …

တစ်သက်စာနော်
ဖေးကူပါကွယ့်
ပျော့နွဲ့စိတ်ထား
သင်မြင် ကြားလျင်
ညင်သာစွာတွေး
ကူညီပေးပါ
ငါက .. ဝမ်းနည်းတတ်လို့ပါ …

မမဝသုန်
11:16:12
9-9-2011
Friday (BNE)

No comments: