Monday 12 December 2011

သူငယ်ချင်းများ ... သို့

ခင်မင်တွယ်တာ
ဖြူစင်စွာဖြင့်
ရင်မှာထားစဉ်
သံယောဇဉ်သည်
အေးမြကြည်လင်ရှိကြသည် …
စားလည်းအတူ
သွားအတူပေါ့
မလျော့မေတ္တာ
ကရုဏာက
ငါတို့ကြားမှာ  ချည်ခဲ့ပြီ ….
အကယ်၍သာ
တစ်နေ့မှာတော့
ခွဲခွါဖို့အရေး
ကြံဖန်တွေးသော်
ငါ ငိုရတယ် .. သူငယ်ချင်း  …

ပျိုးယုဝသုန်
(ရန်ကုန်)

No comments: