Monday 12 December 2011

အပြုံး

သူလည်းပြုံး .. ကိုယ်လည်းပြုံး
လူသားတိုင်းလည်းပြုံး …
လောဘကြောင့်ပြုံး
မောဟကြောင့်ပြုံး
သံတမန်အပြုံး
ဟန်ဆောင်လို့ပြုံး
လိမ်ညာပြုံး
ပူလောင်လှတဲ့အပြုံး…
အပြုံးနောက်ကွယ်
လောဘနယ်မို့
ကိုယ့်ဖို့ပဲကြည့်
မသိတတ်စွာ
လောကကမ္ဘာမှာ
အေးမြတဲ့အပြုံးဟာ ဘယ်မှာလဲ ..

ပျိုးယုဝသုန်
(ရန်ကုန်)

No comments: