Monday 12 December 2011

သူငယ်ချင်းများ ... သို့ (၃)

သူငယ်ချင်း
ဆွေရင်းတမျှ
ဖေးကူမလို့
မျှဝေကောင်းခြင်း
ပျော်ရွှင်ခြင်းကား
ငါ့အား နင်ပေးခဲ့သည်သာ  .. ။

အားငယ်တိတ်ဆိတ်
တံခါးပိတ်လို့
ကြိတ်မှိတ်မျက်ရည်
ဝေစဉ်သောက
ထိုခဏကို
ပယ်ရှားနင်ပေးခဲ့သည်သာ ..။

ပျော်ရွှင်ရယ်မော
ဟာသနှောလို့
ပြောဆိုအားပေး
ဘယာဝေးစေ
စိတ်အေးစေဖို့
ဖန်တီးနင်ပေးခဲ့သည်သာ  ..။

ငါ ....
ကြည်နူးရွှင်ပြ
ဝမ်းသာရပေါ့...
စိတ်တူအတွေး
မိတ်ဆွေလေးရေ
ဘ၀နေပျော်
တိုင်ပင်ဖော်ပေါ့
ငါတို့ အမြဲနော်   .. ရှိကြမယ် .. ။

ပျိုးယုဝသုန်
21:48 pm
09/08/2011
Tuesday

No comments: