Monday, 30 April 2012

အိမ်


ရိုးသားမှုနဲ့တည်
ယုံကြည်မှုနဲ့ဆောက်
မဖောက်ပြားတဲ့နှလုံး
မပျက်သုဉ်း တဲ့မေတ္တာ
သစ္စာကို အလံလွှင့်
ကရုဏာ ဖန်ခါဆင့်တဲ့
ချစ်ခြင်းရဲ့အိမ်…




ပျိုးယုဝသုန်
2:56:20 PM
30-04-2012
Monday(BNE)

Sunday, 29 April 2012

ဥပေက္ခာရပ်ဝန်း





အဆိပ်တက်လို့
အိပ်ပျက်ခဲ့တဲ့
အရိပ်မဲ့နေ့ညရှည်ခဲ့ပြီ…

အလွမ်းရက်ဆက်
ပန်းတစ်ခက်လည်း
နွမ်းလျက်မောပန်း နေခဲ့ပြီ...

ကန္တာလမ်းကြမ်း
ငါဖြတ်သန်းခဲ့
ရေချမ်းတစ်စက်လိုခဲ့ပြီ…

အရိပ်အယောင်
ဤမိုးမှောင်လည်း
ရွာဟန်ဆောင်လို့ ပြေးခဲ့ပြီ…

လမ်းပန်းမသာ
ငါ့ကမ္ဘာ
ထွက်ခွါသူသာများခဲ့ပြီ…

ငါလည်းတစ်နေ့
ကျောခိုင်းရွေ့မယ့်
နေ့ရက်တွေလည်း နီးခဲ့ပြီ…

နှုတ်ဆက်စကား
ငါပြောသွားလည်း
နာကြားသူကမဲ့ခဲ့ပြီ…


ပျိုးယုဝသုန်
7:34:36 PM
29-04-2012
Sunday (BNE)

Thursday, 26 April 2012

သူခိုး




ခေါ်တောမိုးမှောင်
ဂျပိုးကောင်
ခိုးရန်အဆင်သင့်..။

ဘေးဘီကိုကြည့်
လူမသိ
သွားမည့်ခြေလှမ်းဆင့်..။

လက်စွဲလွန်ပူ
ဂျပ်စက္ကူ
လိုမူမှန်ကိုဖွင့်..။

ခြေဖျားထောက်ငြား
လျှောက်ကာသွား
အစဉ်နားကိုစွင့် ..။

ချွတ်ချွတ်အသံ
သူကြားပြန်
တံခါးအသာလှစ်..။

မမြင်ဝံ့ပါ
သူခိုးမှာ
ရင်တုန်ပန်းတုန်ဖြစ်..။

မဖြစ်ခြေဘူး
စိတ်ကိုကူး
ပြေးမည့်အကြံသစ်..။

ငါးပါးပဉ္စသီ
ခါးမတည်
လော်လည်ဖောက်ပြန်ရစ်..။

ဘုရားလူကြီး
လူ့ထိပ်သီး
အမိုက်မီးကိုလွှင့်..။

သူလည်းသူခိုး
ငါသူခိုး
မည်သူအပြစ်ပိုဖြစ်..။

ကာမသူခိုး
ဤလူမျိုး
ငရဲချိုးမှာဆင့်..။



ပျိုးယုဝသုန်
17:25:36 PM
25-04-2012
Wednesday(BNE)




Wednesday, 25 April 2012

လောင်မြိုက်ခြင်း


အလွမ်းရင့်ရင့်
ပန်းရင့်ရင့်နှင့်
နွမ်းနင့်နေဆဲ
ဖော်စုံလွဲမှာ
ရင်ထဲစိုးနှောင့်ပူရသည်…။


ပျိုးယုဝသုန်

Monday, 23 April 2012

ထွက်ပေါက်






မွန်းကျပ်မှုတွေကြောင့် သူအိပ်ရာမှ နိုးထလာခဲ့သည်။


၁။
ပိန်းပိတ်အောင်မှောင်နေသော အမှောင်ထဲမှာ ကြယ်ကလေး တစ်လုံးတစ်လေ၏ အလင်းရောင်ကိုပင်သူမမြင်ခဲ့။ နှုတ်မှာ တစ်စုံတစ်ခုကို ထွက်ပေါ်လာရန် သူကြိုးစားကြည့်သူသည်။ သို့ရာတွင် အချည်းနှီးသာတည်း။ မည်သည့်အသံမှ သူ၏နှုတ်မှ ထွက်အံကျမလာချေ။ အောက်ဆီဂျင်ကို အငမ်းမရလိုက်ရှာနေသော သူ၏အဆုတ်များသည် ပေါက်ကွဲမတတ်ရှိနေသည်။ မိမိနှလုံးခုန်သံကို မိမိပြန်ကြားရလောက်အောင်ပင် နှလုံးခုန်သံသည် စည် တစ်ခု တီးနေသည့်အလား ထင်မှတ်မှားရသည်။

အလင်းရောင်နှင့် လေနုအေးကို လိုက်လံရှာဖွေနေသော သူ၏မျက်လုံးများတွင် အမှောင်ထုမှ တစ်ပါး အခြားမည်သည့်အရာကိုမှ သူမမြင်။ “ငါ့မျက်လုံးတွေ အမြင်အာရုံပျောက်ကုန်ပြီလား” ဟု မကြာခဏ တွေးတောမိရင် မိမိ မျက်လုံးများ ရှိရာကို စမ်းကြည့်မိသည်။

Saturday, 21 April 2012

အရောင်ပြောင်းခြင်းများ




ကျွန်မတို့ကျင်လည်နေထိုင်နေတဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ပင်ကိုယ်အရောင်နဲ့ကိုယ် မပြောင်းမလဲပဲ နေထိုင်နိုင်ကြတဲ့သူတွေကို အင်မတန်မှ မြင်ရခဲပါတယ်။ ဒီလိုအရောင်တွေဟာ မိတ်ဆွေအချင်းချင်း အိမ်နီးချင်းအချင်းချင်း၊ တစ်လမ်းတည်းနေ တစ်ရပ်ကွက်တည်းနေတဲ့သူတွေ အချင်းချင်း အပေါ်မှာတောင် ဘာဖြစ်လို့  မတည်ငြိမ်နိုင်ကြတာလဲဆိုတာ စဉ်းစားကြည့်မိတော့ မစ္ဆရိယ နဲ့ လောဘ ဆိုတဲ့ အကြောင်းအရာ နှစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။

ဒီလိုအကြောင်းအရာ နှစ်ခုအပေါ်မှာအခြေခံပြီး ပြောင်းလဲလာတဲ့၊ ပြောင်းလဲသွားတဲ့ အရောင်တွေကိုလည်း ကျွန်မတို့ လက်ခံရရှိခဲ့ဖူးသလို တသမတ်တည်းသော အရောင်ထားရှိသူတွေကိုလည်း တွေ့ရှိခဲ့ဖူးပါတယ်။

Thursday, 19 April 2012

အိပ်မက်ကကြိုး



ကျွန်မရဲ့ဘဝတစ်လျှောက်လုံးမှာ မနှစ်သက်ဆုံးစကားတစ်ခွန်းကိုပြောပါဆိုရင်   တကယ်လို့များ / တကယ်လို့ သာ  ဆိုတဲ့စကားကိုလက်ညှိုးထိုးပြဖြစ်မှာ ဖြစ်ပါတယ် ၊ နောင်တနဲ့ ဆက်နွယ်နေတဲ့ စကားတစ်ခွန်းဖြစ်လို့ အတ္တကြီးစွာ၊ မာနကြီးစွာ ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်  အထင်ကြီးမှုများစွာနဲ့ မနှစ်သက်နိုင်ဖြစ်ခဲ့ရတယ် ၊ တစ်စုံတစ်ယောက်ကများ ထိုစကားလုံးကို ပြောလာခဲ့ရင် “ကြိုတင်ပြင်ဆင်မှုမှ မထားခဲ့တာကိုး” ဆိုတဲ့စကားနဲ့ အပြစ်ဆိုမိခဲ့တယ် ၊ ကာလ ပို်င်းခြားတော်တော်များများထိ ကျွန်မ ကိုယ်တိုင်လည်း ဒီစကားစုကိုမသုံးဖြစ်ခဲ့ဘူး ၊ ဒါပေမယ့် ..   ဟုတ်တယ်ခုတော့လည်း ကိုယ် မနှစ်သက်တဲ့ စကားတစ်ခွန်းကို ထပ်တလဲလဲ မြည်တမ်းရင်း နဲ့ ကိုယ့်ရင်ဘတ်ကို ကိုယ် ရင်နာနာနဲ့ကျောခိုင်းခဲ့တယ် ..  
တကယ်လို့သာ ………….

Wednesday, 18 April 2012

စားတော်ပဲလေး ပြုတ်ကြမယ်



ဒီနေ့တော့ လွယ်ကူတဲ့ပဲလေး ပေါင်းစားကြရအောင်

၁။   စားတော်ပဲလေးတွေ ၃၇၅ ဂရမ် ဒါမှမဟုတ် ၂၀သား လောက်ကို တစ်ညလောက် ပွလာအောင်ရေစိမ်လိုက်မယ်။

၂။   နောက်နေ့မနက်မှာ ရေစစ်ပြီး ဇကာလေးထဲထည့်လိုက်မယ်။ နောက်ပြီးရင် ပေါ်က ရေစိုအဝတ်ကလေးနဲ့ အုပ်ထားလိုက်မယ်။ အဝတ်ကရေခြောက်သွားရင် ရေနဲနဲဖြန်းပေးရမယ်။ ဒီလိုနဲ့ အညှောက်လေးတွေပေါက်လာအောင် ၂ရက် ဒါမှမဟုတ် ၃ရက်လောက်ထားလိုက်ရင် လှပတဲ့ အညှောက်လေးတွေထွက်လာပြီဖြစ်တဲ့ ပဲစေ့လေးတွေကို ရပြီ။


Saturday, 14 April 2012

မမ နှင့် မြက်ရိတ်ခြင်း




မြက်တွေ..မြက်တွေ
တော်တော်ကို သန်စွမ်းကြတာကိုး။
မိုးရွာတော့ ပိုတောင်မှသန်ကြသေး..၊ တစ်ပတ်တစ်ခါ ရိတ်နေတာကိုတောင်ဒင်းတို့က အတိုင်းမသိရှည်ချင်ကြသေး။ မိုးရွာလိုက်နေသာလို်က်နဲ့ သူတို့ကို ကျန်းမာ သန်စွမ်းအောင် သဘာဝတရားက စီမံပေးနေသလိုပါပဲ။

မြက်တွေရှည်လာပြီဆိုရင် ဘယ်လိုမှငြိမ်ငြိမ်မနေနိုင်တဲ့ သူတစ်ယောက်ကတော့ မြက်ရိတ်စက်ကို ဆီထည့်၊ အင်ဂျင်ဝိုင် စစ်ရင်းနဲ့ ညီညာတိကျတဲ့ မြက်ခင်းပြင်ကို ရရှိဖို့ကြံစီတော့တယ်။ သုံးနှစ်နီးပါးသက်တမ်းရှိတဲ့ မြက်ရိတ်စက်ကလေးကလည်း  တစ်ခါတစ်ရံမှာ ညစ်ကပ်စွာနဲ့ စက်နှိုးလိုက်ရင် မရချင်ဘူး..။

တစ်ချက်၊ နှစ်ချက်၊ သုံးလေးငါးချက်၊ ခြောက်ချက်၊ ခုနစ်ချက်..၊ ဒီလိုသာ အချက်ပေါင်းများစွာ ဆွဲပြီး ခဏတိုင်းသာနှိုးရရင်တော့ လက်မောင်းလည်း ကြွက်သားဗလပွ နဲ့ မယ်ဗလ ပြိုင်ပွဲ ဝင်လို့ရလောက်ပြီ..။ နောက်ဆုံးတော့ မနိုးမချင်း ဆွဲပြီးနှိုးနေမယ်ဆိုတာ သိတာကြောင့်လားမသိ၊ မနိုးချင်နိုးချင်နဲ့ နိုးလာရဲ့..။

Friday, 13 April 2012

ချစ်ဖွယ့် နှစ်ဆန်း



ရော်ရွက်တို့ကြွေ
နွေရာသီလတန်ခူး
ပက်ဦးရေ အတာကြူးပါကြ
လမြတ်နှစ်ကူး..။

ဗုံမောင်းတို့ ခြိမ်းခြိမ်းညံ
နှစ်ဆန်းဟန် အမှန်ထူးပါတဲ့
မြူးဖွယ့်သင်္ကြန်..။

ဘေးမဲ့သဏ္ဍန်..
လူတိုင်းအမှန်ဆင်နွဲ
ယှဉ်တွဲကာ ကုသိုလ်ကဲပါတဲ့
သက်လွှတ်မယ့်ပွဲ..။

ညခင်းရဲ့နေညိုရီ
ပရိတ်သီ မိုးဆီ တိုးပါတဲ့
ရိုးရာ့တစ်လီ..။

ညခါမှီ..
မောင်တို့ညီချက်ရင်း
သတင်းစုံ ငြင်းခုန်ရှင်းပါတဲ့
အိုးကြီးချက်ဟင်း..။

ဟင်းနွေးတဲ့ ကိုလူညို
နှမပျို မျက်နှာငေး
ပေး ထည့်ပိုပို..။

ကလေးရယ်ငို
ဟယ် ခွေးဆိုလည်းမငြင်း
တလင်းမှာ ခင်းမယ် ရှင်းပါဟ
ညအလှ မြင်ကွင်း..။


ပျိုးယုဝသုန်
11-04-2012
Wednesday (BNE)

Saturday, 7 April 2012

တံခါးခေါက်တာ ဘယ်သူလဲ



၂၀၀၉  ခုနှစ်လောက်ကပေါ့..။

ယခုလက်ရှိအိမ်ကို မရောက်ခင်တုန်းက Stafford Hights  လို့ခေါ်တဲ့ တောင်ကုန်းပေါ်မှာ တည်ဆောက်ထားတဲ့ ရပ်ကွက်လေး တစ်ခုမှာနေခဲ့ဖူးပါတယ်။ မမနေတဲ့အိမ်ကလည်း တောင်ကုန်းလေးပေါ်မှာ၊ ညနေဆို မြို့ကိုအပေါ်စီးက မြင်ရတဲ့ နေရာလေး၊ နှစ်သက်စရာ ကောင်းလှတယ်။ အိမ်ကတော့ Post War  အိမ်ပဲ၊ အုတ်ခံပျဉ်ထောင်အိမ်၊ မှန်တွေပတ်ပတ်လည်ကာထားတဲ့ ထမင်းစားခန်းနဲ့ ဧည့်ခန်းရှိတယ်၊

စရောက်လာကတည်းက အိမ်ကတော့ သိပ်ပြီး သန့်တယ်မထင်ဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ အနောက်မှာ တစ်ယောက်ယောက်က အမြဲကြည့်နေသလိုပဲ ခံစားရတယ်၊ ဒါပေမယ့် အမျှအတန်း ပုံမှန်ဝေပြီးနေခဲ့တယ်။

တစ်နေ့မှာပေါ့၊ မိတ်ဆွေမိသားစုနှစ်စုနဲ့ အိမ်မှာ ညစာအတူတူစားဖို့ ချိန်းထားတယ်၊ ညဦးပိုင်းအချိန်ကလေးမှာ မိုးတွေသည်းသည်းမည်းမည်းရွာလာခဲ့တယ်။ မိသားစုတစ်စုက ရောက်လာပြီး နောက်တစ်စုအလာကို ဧည့်ခန်းထဲမှာ စကားပြောရင်းစောင့်နေကြတယ်။ ဒီအချိန်မှာ ဘဲလ် တီးသံနဲ့အတူ မမရဲ့နာမည်ကိုခေါ်သံကြားလိုက်ကြတယ်။ မမရော၊ သူငယ်ချင်းဇနီးမောင်နှံရော၊ သူတို့ရဲ့အမေကြီးရော ကြားလိုက်တာပေါ့၊ ဒီတော့ ထင်တာက နောက်သူငယ်ချင်း မိသားစုရောက်လာပြီလို့ထင်ပြီး မမက အိမ်တံခါးမကို သွားဖွင့်လိုက်တယ်။ အဲဒီမှာ တစ်ဦးတစ်ယောက်မျှ ရှိမနေဘူး၊ လမ်းပေါ်မှာလည်း ကားတွေက ရှင်းလျက်ပဲ၊ မိုးတွေကလည်းသည်းသည်းမည်းမည်းရွာစဲ ..၊

Sunday, 1 April 2012

နွေကြိုငှက်



ငုစိုစို
ဥသြပျို ရွှေပိတောက်နဲ့
နွေအရောက်ကိုကြို.။
နွဲ့ချိုချို
ဆိုတေးကို သူသီကြွေး
လူဝေးရာရှောင်ဖယ်ရုန်းတယ်
ပုန်းပါနဲ့လေး ..

ပျိုးယုဝသုန်
2:04:20
02-04-2012
Monday(BNE)