Thursday, 26 April 2012

သူခိုး




ခေါ်တောမိုးမှောင်
ဂျပိုးကောင်
ခိုးရန်အဆင်သင့်..။

ဘေးဘီကိုကြည့်
လူမသိ
သွားမည့်ခြေလှမ်းဆင့်..။

လက်စွဲလွန်ပူ
ဂျပ်စက္ကူ
လိုမူမှန်ကိုဖွင့်..။

ခြေဖျားထောက်ငြား
လျှောက်ကာသွား
အစဉ်နားကိုစွင့် ..။

ချွတ်ချွတ်အသံ
သူကြားပြန်
တံခါးအသာလှစ်..။

မမြင်ဝံ့ပါ
သူခိုးမှာ
ရင်တုန်ပန်းတုန်ဖြစ်..။

မဖြစ်ခြေဘူး
စိတ်ကိုကူး
ပြေးမည့်အကြံသစ်..။

ငါးပါးပဉ္စသီ
ခါးမတည်
လော်လည်ဖောက်ပြန်ရစ်..။

ဘုရားလူကြီး
လူ့ထိပ်သီး
အမိုက်မီးကိုလွှင့်..။

သူလည်းသူခိုး
ငါသူခိုး
မည်သူအပြစ်ပိုဖြစ်..။

ကာမသူခိုး
ဤလူမျိုး
ငရဲချိုးမှာဆင့်..။



ပျိုးယုဝသုန်
17:25:36 PM
25-04-2012
Wednesday(BNE)




7 comments:

လွင်ပြင်လှိုင်းငယ် said...

မမ၀သုန်ရေ တကယ့်ကို ကောင်းတဲ့ ကဗျာလေးပဲဗျာ

ဖြိုးဇာနည် said...

မကြီးဝသုန်ရေ့
တကယ်ကို ထိထိမိမိရှိလှပါလားဗျာ

naymin said...

ခံစားသွားပါတယ် အမရေ...
ရေးတတ်လိုက်တာ....:)

မိုးငွေ့...... said...

ခုနလေးတင်ပဲ ဖဘမှာ ဂျာရစ်မတင်တဲ့ 199လိုင်းကားပေါ်က ခါးပိုက်နိုက်အကြောင်းဖတ်နေတာ..။

မိုးသူ(တောင်ကြီး) said...

အရမ်းသေသပ်လှပတဲ့ကဗျာလေးပါလား
ကြိုက်တယ် မမ၀သုန်ရေ

htawoo said...

ကာရံကဗျာလေးတွေကို တော်တော်ကြိုက်မိတယ်။
ဒီခေတ်ကလည်း သိတော်မူကြတဲ့အတိုင်း
ကာရံကဗျာာရေးတဲ့ သူတွေက ရှားတယ်မို့ လား...
ထော်ဦး

san htun said...

ဒီလေးလုံးစပ်ကဗျာလေးကလည်း ထိမိတယ်