Thursday, 31 January 2013
Wednesday, 30 January 2013
Thursday, 24 January 2013
မြစ်တစ်စင်း၏ စာမျက်နှာများ
မြစ်တစ်စင်း၏ စာမျက်နှာများ
ANADA VILLA (အနန္တ ဗီလာ)
နံနက် ၁၀ နာရီ အချိန်၏ နေရောင်သည်
စူးရဲမှု နည်းပါးနေသည်။ တိမ်ရိပ်ခိုနေသော နေ သည် သူ၏ စူးရှမှုကို သိုဝှက်ကာ အပူရှိန်လျော့နည်းသော
အလင်းရောင်တန်းများကိုသာ ဖြန့်ခင်းထားသည်။
ဗီလာထဲကို ကားချိုးဝင်လာသည်အထိ
သူ၏စိတ်မှာ မသေချာမှုနှင့် မရေရာမှုများ တွဲဆက်လျက်ပင် ရှိနေသေးသည်။ ဤနေရာ ဤဒေသကို
သူမရောက်ဖြစ်တာ အချိန်တော်တော်ကြာပြီမှန်း သူသေသေချာချာလည်း သိနေသေးသည်။ ယခင် တချိန်တုန်းကတော့
ဒီနေရာလေးကို သူကိုယ်တိုင် နှစ်သက်သည့်စိတ်ဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး သူကိုယ်တိုင်ပင်
ကျောခိုင်းခဲ့သည့် နေရာလည်း ဖြစ်သည်။ လမ်းဘေးတစ်ချက်စီတွင် ကျောက်တုံးများအစီအရီ စီတန်းကာ
ဘောင်ခတ်ထားပြီး အုန်းထန်းပင်များကို ဝဲ၊ယာ တစ်ဖက်စီတွင် အတန်းလိုက် စိုက်ထားသဖြင့်
ဤလမ်းလေးထဲသို့ ဝင်စမှာပင် အေးချမ်းမှုကို ရရှိခဲ့သည်။
လုံးချင်း တစ်ထပ်တိုက်ပြားလေးများကို
ခပ်ခွါခွါ ဆောက်ထားသော ထို ဗီလာထဲတွင် အိမ်ခြေ များများစားစား သိပ်မရှိပါ။ အိမ်ပတ်လည်တွင်
မြေနေရာအပိုများပါရှိပြီး သစ်ပင်ပန်းပင်စိုက်ရန် ဝါသနာပါပါက စိုက်ပျိုးနိုင်သော
အနေအထားမျိုးဖြစ်သည်။
“အိမ်အမှတ် ၁၈”
Saturday, 19 January 2013
ဇြမ္ဘီ
ရှုလိုက်တိုင်းမှာ ပြည့်မလာတဲ့အဆုတ်
ထုတ်မရတဲ့ အမိန့်စကားများစွာ
သွားနေပေမယ့် မရောက်နိုင်တဲ့ခရီး
နီးနေပေမယ့် လမ်းပျောက်နေတဲ့အိမ်
ဆေးစိမ်ထားတဲ့ ဆန္ဒ
အိပ်ရေးမဝတဲ့ နှလုံးသား
ပခုံးကြားမှာရှိတဲ့အရာ
ဘောလုံးတစ်လုံးမဟုတ်တာ သေချာရဲ့လား။
သွားဆိုရင်သွား လာဆိုရင်လာ
စားစရာပြပေမယ့်
စားခွင့်မရတဲ့မဖြစ်
ဒါ .. နှုတ်ကဖွင့်ဟခွင့် မရှိဘူးလား။
အသုံးချခွင့်မရတဲ့ ဖြူသဲ့သဲ့အရာ
ခေါင်းထဲမှာအပြည့်ရှိပါရဲ့ ..
ဖွပ်ပါများတော့ ဖျော့
လျော့လျဲပြီးသွေ့လျော်
လျှော်ချင်တိုင်း လျှော်ခဲ့ပြီးပြီကို..။
အသွေးအသားနဲ့တည်တဲ့
သုံးဆယ့်နှစ်ကောဋ္ဌာသမှာ
အသိမပါတဲ့ရုပ်နဲ့
ဖုတ်သွင်းအလောင်းကောင်ဘဝ
မွေ့လက်စ နဲ့မွေ့
ပျော်လက်စနဲ့ပျော်ပါ
မန္တန် ဂါထာ မဆုံးခင်အထိ …။
ပျိုးယုဝသုန်
09:03:33 AM
19-01-2013
Saturday (BNE)
Tuesday, 15 January 2013
မမ နှင့် တစ်ခါတွန်း နှစ်ပေါင်
၂၀၀၅ခုနှစ်လောက်က..။
ကျောင်းပိတ်ရက်တစ်ရက်မှာ London ကနေ Wallsall မြို့ ကို သွားလည်မယ်ဆိုပြီး
အိမ်ကထွက်လာခဲ့တယ်။ Wallsall မြို့ကို
ရောက်ဖို့က ရထားတစ်တန်ကားတစ်တန် စီးရမှာဆိုတော့ ရထားချိန်မှီအောင် အိမ်က စောစောပဲထွက်ခဲ့တယ်..။
လက်ထဲမှာလည်း အထုတ်အပိုးတွေ စားစရာတွေ မနိုင်မနင်းနဲ့ပေါ့။
အဲ့ဒီအချိန်တုန်းက မမနေတာက Hounslow West ဟောင်စလိုအနောက်ရပ်ကွက် ဆိုတော့
မမနေတဲ့အိမ်ကနေ Euston ယူစတန်ဘူတာကို ရောက်ဖို့ ရထားနှစ်ဆင့်ပြောင်းစီးရတယ်..။ ဟောင်စလိုအနောက်ရပ်ကွက် ကနေ King’s cross
ကင်းခရော့စ် ဘူတာကို အပြာရောင် Piccadilly ပီကာဒီလီလိုင်းစီးသွားရတယ်။ King’s
Cross ကင်းခရော့စ် ကနေမှတစ်ဆင်း Euston ယူစတန်ကို ရောက်ဖို့ Northern နော့သမ်းလိုင်းကို
တစ်ဘူတာစာ ထပ်စီးရတယ်။ ဒီလိုနဲ့ Euston
ယူစတန် ဘူတာကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာခဲ့တယ်။
Monday, 14 January 2013
မိုးည
ကောင်းကင်မှာ တိမ်တစ်သင်း
ကြယ်ကင်းပါတဲ့ ညအခါ
လဝါဝါ ကိုယ်ယောင်ဖျော့လေပေါ့
ညှိုးလျော့ခွေရှာ ..။
မိုးတိမ်လွှာ
ပြိုလာတဲ့မြစ်တစ်စင်း
ရှစ်ခွင်မှာမှုန်ရီမှိုင်းဝေပါ့
မိုးညမြင်ကွင်း။
ပျိုးယုဝသုန်
12-01-2013
Saturday (BNE)
Sunday, 13 January 2013
တီ တစ်ကောင်၏ ဆန္ဒ
မြေနှစ်မြေသား
မြေကိုစား၍
မြေကြားမှာပျော်
မြေကိုကျော်ကာ
မြေပေါ်မြေအောက်
မြေကိုနှောက်ယင်း
မြေသင်းကျစ်ကျန်
မြေကိုအန်သည်
မြေဆီပြန်လို့ ဖြစ်ပါစေ..။
ပျိုးယုဝသုန်
7:06:28 PM
13-01-2012
Sunday (BNE)
Thursday, 10 January 2013
လှသော ညများ
လမလင်းပေမင့်
ညခင်းကဖြင့် လှတယ်ရှင်။
ကြယ်သင်းဝင် နဂါးငွေ့တွေက
တောက်ပတယ်ထင်။
ကြည့်ပါရှင်
ကောင်းကင်မှာမြင်ရဲ့
မြောက်ပြင်မှာ ထင် - ထင်လှတယ်
လမ်းပြကြယ်ကွဲ့ ...။
ဖိတ်ဖိတ်လဲ့ ကိုယ်ရောင်ဝါ
နက်ပြာမှာ ငွေခြည်စွက်ပါတဲ့
နှိုင်းမဲ့ ဝဠာ..။
အဇဋာ
မိုးတိမ်လွှာ နှင်းမြူကင်း
ကြယ်မင်းတွေ ကိုယ်ရောင်ဖြန့်လေတဲ့
တုမဲ့ ညခင်း။
ပျိုးယုဝသုန်
08:01:32 AM
10-01-2013
Thursday (BNE)
မိတ်ဆွေကောင်း
ညဦးလေပြည်
ညင်းညက်စွေစဉ်
ကောင်းကင်ယံထက်
ပြိုး ပြက် လက် သည့်
ညဥ့်၏ခြုံလွှာ
ကမ္ဗလာသည်
ည၏အဆင်တန်ဆာလော..။
ညဥ့်ဦးယံတိုင်း
ရေနွေးဝိုင်းတွင်
မျှ ယှဉ် ရသ
ထို သုတ ၌
နှစ်ခြိုက်ကြည်မွေ့
ဤဓလေ့သည်
ည၏အဆင်တန်ဆာလော..။
တွေ့ဆုံခဏ
ကျွမ်းဝင် ကြစဉ်
မမြင် အတိတ်
ခွင့်လွှတ်စိတ်နှင့်
မိတ်ကောင်း ဆွေရင်း
ငါ ရခြင်း သည်
ဘဝ၏ အဆင်တန်ဆာ ကော..။
ပျိုးယုဝသုန်
01:05:27 AM
10-01-2013
Thursday (BNE)
Wednesday, 9 January 2013
ချစ်သူ
ကြင်ခွင့်ကင်း၍
ဖြစ်ခြင်းရယ်မှိုင်
ငင်ခိုင်ရနိုး
လှမျိုးမာန်သီ
ချုပ်ရီသွန်းထင့်
မုန်းတမ်းရင့်ထည်
လွင့်သည့်မကြင်နာစကား။
ခင်ခွင့်နှင်း၍
သစ်ဆင်းရွယ်တိုင်
ကြင်နိုင်ရနိုး
ဆတိုးပြန်ချီ
နှုတ်သီခွန်းဆင့်
ထုံးတမ်းကျင့်မည်
စွင့်သည့်အရှင်မှာစကား။
ရင်နှင့်ရင်း၍
ချစ်ခြင်းငယ်ပြိုင်
ယှဉ်နိုင်ရရိုး
ကကြိုးဟန်ချီ
လှုပ်လီရွှန်းတင့်
ပြုံးပန်းဝင့်လည်
တင့်သည့်သခင်ပါတကား။
ပျိုးယုဝသုန်
01:35:12 AM
09-01-2013
Wednesday (BNE)
Tuesday, 8 January 2013
ပန်းကောက်သူ
လမ်းတစ်လျောက်
ပန်းကောက်ပါတဲ့ ပျိုကညာ
လှရာရာသီကာကုံးပါကွဲ့
ပြုံး လဲ့ကြည်စွာ ..။
မြ ဝါဝါ
လေဝေ့မှာ မြေခဆင်း
ပန်းခရေ ကြိမ်တစ်ခြင်းက
သင်းပျံ့လေခြင်း။
ပျိုးယုဝသုန်
7:15:55 PM
08- 01- 2013
Tuesday (BNE)
Sunday, 6 January 2013
တောင်သူ့အတွေး
မိုးရိပ်တို့ညိုညို
မိုးပြိုလို့သည်းသည်း
တို့လယ်ယာ သည်အရပ်မှာ
သီးထပ်ပြီပဲ..။
ရွှေမိုးမည်းသည်းပါလေ
ဝါကျွတ်မှာ ကထိန်ပန်းဝေဖို့
ရွှဲလို့စိုစေ..။
တို့လယ်မြေ
သီးနှံဝေစည်စေရေး
နွားညီနောင် သည်ထွန်တုံးနှင့်
ရုန်းလိုက်မယ်လေး..။
ပျိုးယုဝသုန်
11:52:38 AM
06-01-2013
Sunday (BNE)
Saturday, 5 January 2013
အုတ်ကြားမြက် နှင့် မြက်ခင်းပြင်
မြက်ခင်းပြင် စိမ်းမြမြတို့ကို
မနှစ်သက် မမြတ်နိုးသူ ရှိကြမည်မဟုတ်ပါ။ စိတ်ကို လန်းဆန်းစေခြင်း၊ စက္ခုအမြင်ကို
အေးမြစေခြင်း စသော အခြေခံ အကြောင်းအရာများ မှတစ်ဆင့် လတ်ဆတ်သော မြက်တို့၏ရနံ့၊ နူးညံ့
အေးမြသော အထိ တို့ကြောင့် ကလေးသူငယ်များမှ အစ သက်ကြီးရွယ်အိုများ၊ တိရိစ္ဆာန်ကလေးများပါမကျန်
မြင်ခင်းပြင်ပေါ်တွင် ထိုင်ခြင်း၊ ပြေးလွှားဆော့ကစားခြင်းတို့ကို နှစ်သက်ကြသည်။
ထို့ကြောင့် အားကစားကွင်းများ၊
ပန်းခြံများ၊ အပန်းဖြေအနားယူစခန်းများနှင့် အချို့သော မြေနေရာရှိသည့် လူနေအိမ်တို့၏
ရှေ့၊ နောက်၊ ဝဲ၊ ယာ ပတ်လည်တွင် မြင်ခင်းသည် မပါမဖြစ်သော ပြယုဂ် တစ်ခုအဖြစ်လည်းကောင်း၊
အဆင်တန်ဆာတစ်ခုအဖြစ် လည်းကောင်း စိုက်ပျိုးပြုစုထားကြသည်။
သို့ရာတွင် အုတ်ခင်းထားသော
လမ်းများတွင်လည်းကောင်း၊ ကျောက်စရစ်ခင်းထားသော လမ်းများတွင်လည်းကောင်း၊ ကွန်ခရိလမ်းများတွင်
လည်းကောင်း၊ မြက်ပင်များ ပေါက်ရောက် ရှင်သန်နေသည်ကို မြင်တွေ့ရလျှင်မူ ပယ်ရှားပစ်ခြင်း၊
အမြစ်ပါသေအောင် ဆေးဖြန်၍ သတ်ခြင်းများကို ခံကြရသည်။
Subscribe to:
Posts (Atom)