Saturday, 19 January 2013

ဇြမ္ဘီ




ရှုလိုက်တိုင်းမှာ ပြည့်မလာတဲ့အဆုတ်
ထုတ်မရတဲ့ အမိန့်စကားများစွာ
သွားနေပေမယ့် မရောက်နိုင်တဲ့ခရီး
နီးနေပေမယ့် လမ်းပျောက်နေတဲ့အိမ်
ဆေးစိမ်ထားတဲ့ ဆန္ဒ
အိပ်ရေးမဝတဲ့ နှလုံးသား
ပခုံးကြားမှာရှိတဲ့အရာ
ဘောလုံးတစ်လုံးမဟုတ်တာ သေချာရဲ့လား။
သွားဆိုရင်သွား လာဆိုရင်လာ
စားစရာပြပေမယ့်
စားခွင့်မရတဲ့မဖြစ်
ဒါ .. နှုတ်ကဖွင့်ဟခွင့် မရှိဘူးလား။
အသုံးချခွင့်မရတဲ့ ဖြူသဲ့သဲ့အရာ
ခေါင်းထဲမှာအပြည့်ရှိပါရဲ့ ..
ဖွပ်ပါများတော့ ဖျော့
လျော့လျဲပြီးသွေ့လျော်
လျှော်ချင်တိုင်း လျှော်ခဲ့ပြီးပြီကို..။
အသွေးအသားနဲ့တည်တဲ့
သုံးဆယ့်နှစ်ကောဋ္ဌာသမှာ
အသိမပါတဲ့ရုပ်နဲ့
ဖုတ်သွင်းအလောင်းကောင်ဘဝ
မွေ့လက်စ နဲ့မွေ့
ပျော်လက်စနဲ့ပျော်ပါ
မန္တန် ဂါထာ မဆုံးခင်အထိ …။




ပျိုးယုဝသုန်
09:03:33 AM
19-01-2013
Saturday (BNE)


3 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ထားရာနေ စေကာသွား။
အင်း...
ဖုတ်ဝင်ထားတဲ့ လူတစ်ယောက်လိုပါဘဲလား။

အဲလိုကြီးတော့ ဘယ်တော့မှ မဖြစ်ပါရစေနဲ့။း(

မိုးနတ်ကြယ်စင် said...

အလယ်...ဒါကတော့ တစ်မျိုးလေးပါပဲလားမ...
ဘာပဲဖြစ်ဖြစ်တွေးစရာတွေကတော့ တပုံကြီးပဲရသွားတယ်
ရေးထားတာလေးကောင်းတယ်ရှင်....:)
ချစ်တဲ့....မိုးနတ်

Anonymous said...

ကဗျာကို ဖတ်ပြီး နားလည်သလို နားမလည်သလိုလိုဘဲ မ၀သုန် ...အသက်၃၂ နှစ်မှာ မိမိကို မိမိပြန်ဆန်းစစ်ရင်း
များရေးထား သလားပေါ့...။

ခံစားလို့ရပါတယ် ကောင်းလည်းကောင်းတယ် ကျွန်တော့်အကျင့်ကိုက ရသ ကိုလိုက်ဖမ်းဆုပ်ပြီး တနုံ့နုံ့တွေးယူ ခံစားရတာကို ကြိုက်တတ်လို့ပါ အပေါ်က ကျွန်တော်တွေးခဲ့တာ မှန်းလား မှားလားတော့ မသိဘူး ။

( မင်းဧရာ )