ကိုယ့်အတောင်ကိုယ်ချိုး
ကိုယ့်အရိုးကိုယ်ခွါ
ကိုယ့်ခြေရာ ကိုယ်ညှို့
ကိုယ့်အမြီး ကိုယ်နင်း
မလင်းတလင်း မနက်
မညက်တစ်ညက်တေးချင်း
နှင်းဖိနပ်နဲ့နွေခေါင်ခေါင်
မှောင်မိုက်တဲ့ အိပ်မက်မြစ်
လက်ပစ်ကူးမယ်ကြံမှ
ငါ့လက်တံက ပျောက်နေတယ် ..။
ပျိုးယုဝသုန်
2:57:48PM
16-12-2012
Sunday (BNE)
3 comments:
မော်ဒန်ဆန်တဲ့ ကဗျာလေး...စကားလုံးတွေကလဲ ညှို့အားပြင်းတယ်...
ကဗျာတစ်ပုဒ်အတွက် တန်ဆာဆင်ထားတဲ့ စကားလုံးလေးတွေ ပြောင်မြောက်လှပါပေတယ် ဝသုန်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဒီကဗျာ လေးက အရင်ကဗျာလေးနဲ့မတူဘူး
စာသားတွေကိုလဲကြိုက်တယ်
တမျိုးလေးခံစားရမိတယ်
Post a Comment