Sunday 16 September 2012

လျောက်ခဲ့ဖူးသော စာမျက်နှာ အချို့ ဆီသို့

ငယ်ငယ်တုန်းက ရေးခဲ့ဖူးတဲ့ ကဗျာလေး တချို့ထဲက ၂ပုဒ်ကို ဒေါ်မိုးငွေ့လေး မိုးငွေ့ ကျေးဇူးနဲ့  ပြန်ရလိုက်တယ်။

ကလေးဆန်တဲ့ အရေးလေးတွေကို ပြန်ကြည့်ရင်း ပြုံးမိရသေးတယ်။

ပြီးတော့ လွန်ခဲ့တဲ့ ၁၈နှစ်လောက်  ကျွန်မ အထက်တန်းကျောင်းသူဘဝ ၉၄ ကနေ ၉၆-၉၇  ခုနှစ် ရဲ့ FMA  က သူငယ်ချင်းတွေရော ၊ မကြာသေးခင် အချိန်က ဘဝတပါးကို ကူးပြောင်းသွားတဲ့ ဆရာကြီး လူထုဦးစိန်ဝင်းကိုရော အားလုံကို ရုပ်ရှင်အနှေးပြကွက်တွေလို ပြန်မြင်လာမိတယ်။

ဝမ်းနည်းစရာတွေ၊ ပျော်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေ နဲ့ ပြည့်နေပြီး ပေါက်ကရတွေ လုပ်ခဲ့တဲ့ ဆယ်ကျော်သက် တို့ရဲ့ အချိန်ကာလလေးဟာ တွေးကြည့်ရုံ အပြင် ဘယ်လိုမှ ပြန်မရနိုင်တော့ပါဘူး။


ခင်မင်ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတွေလည်း နေရာအနှံ့၊ တိုင်းနိုင်ငံအနှံ့ အသီးသီးမှာ အခြေကျသူကကျ၊ အနေလှသူတွေကလည်း လှနေကြပြီပေါ့။ ပြန်လည် တွေ့ဆုံကြဖို့ဆိုတာ အင်မတန်မှ နည်းပါးတဲ့ အခွင့်အရေးလေး တစ်ခုသာဖြစ်ပါတယ်။

FMA ရဲ့ ကျောင်းသားကျောင်းသူ အဟောင်းတွေ ပြန်လည် ဆုံတွေ့ပွဲလေး လုပ်ဖြစ်မယ်ဆိုရင် သိပ်ကောင်းမှာပဲ လို့လည်း မကြာခဏ တောင့်တမိပါရဲ့။

ဖြတ်ကျော်ခဲ့ရတဲ့ အချိန်တွေဟာ ဘဝရဲ့ စာမျက်နှာတွေဆိုရင် ဒီခဏကလေးမှာ ဖတ်ခဲ့ မှတ်ခဲ့ ရေးသားခဲ့တဲ့ စာမျက်နှာတွေကို ပြန်ပြီး ဖတ်မိနေခဲ့တာပေါ့။

မမဝသုန်ရဲ့ သူငယ်ချင်းကလေးတွေကိုလည်း မိုးငွေ့ဆီက ရထားတဲ့ ကဗျာလေး ၂ပုဒ်ကို ပြန်ပြီး မျှဝေပါရစေ။














မမဝသုန်
9:25:19PM
16-09-2012
Sunday

4 comments:

စံပယ်ချို said...

ပျိုးရေ
ကဗျာလေးတွေက မြင်ရဘူးကွယ်
ဖတ်ချင်မိတယ်ငယ်ငယ်က ရေးတဲ့ကဗျယလေးတွေဆိုလို့

မိုးနတ်ကြယ်စင် said...

ဟုတ်တယ်မရေ..နက်မကောင်းလို့ထင်တယ်..
ကဗျာတွေလဲမြင်ရ၀ူး......

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဂျက် နဲ့ မိုးနက်ရေ ..
ပုံလေးတွေတော့ ကြီးလိုက်တယ်.. ဖတ်လို့ ရပါမလားတော့ မသိဘူး။ ပုံပေါ်ကို ကလစ်နှိပ်လိုက်ရင်လည်း ဖတ်လို့ ရပါတယ်..။

ချစ်သော
မမဝသုန်

လရိပ်အိမ် said...

မမဝသုန်နဲ့ဒေါ်မိုးငွေ. က
ငယ်သူငယ်ချင်းတွေလားးး
ကဗျာလေးတွေကြိုက်တယ်။