Monday, 17 September 2012

သရုပ်ဆောင်





ရွှေကျောင်းပြောင်ပြောင်
ဝမ်းခေါင်ခေါင်မှာ
ရောင်ခြည်ဖြိုးဖြတ်
ပေါ်ဆီဟပ်၍
နားကပ်အရောင်
သည်နားပြောင်သည်
ကိုယ်ရောင်ဝါတို့ မှိန်ခဲ့ချိန်..။

လင်းမယ်မှကြံ
ခွင့်မသန်ခဲ့
နုံနဲ့ကြမ္မာ
ဘယ်အရာကြောင့်
ဝဋ်မှာအမြဲ
ငါ့တွင်စွဲသည်။

ပဲ့တင်အသံ
ရောင်ပြန်အလင်း
ရင်တွင်းဆန္ဒ
မညီမျှလည်း
လောကလူ့ဘောင်
ဤခန်းဆောင်မှာ
ကျရာသရုပ် ဆောင်ရသည်။




ပျိုးယုဝသုန်
7:15AM
17-09-2012
Monday (BNE)

7 comments:

Cameron said...

ကဗျာကောင်းလေးတစ်ပုဒ်ကို လာဖတ်သွားပါတယ်..။

စံပယ်ချို said...

ပဲ့တင်အသံ
ရောင်ပြန်အလင်း
ရင်တွင်းဆန္ဒ
မညီမျှလည်း
လောကလူ့ဘောင်
ဤခန်းဆောင်မှာ
ကျရာသရုပ် ဆောင်ရသည်-------
ဒီအပိုဒ်လေးကို အရမ်းသဘောကျမိတယ်

လရိပ်အိမ် said...

ရေးထားတာမှန်လိုက်လေ။ ဘဝဆန်ဆန်ဘဲ။
အားပေးသွားပါတယ်။

လွင်ပြင်လှိုင်းငယ် said...

မမ၀သုန်က ကဗျာေ၇းအရမ်းကောင်းတာပဲ အားကျထှာ

mstint said...

ကဗျာကောင်းလေးတွေ မဖတ်ရတာ ကြာပေါ့ ခရီးသွားနေလို့ ဝသုန်ရေ။ အားပေးသွားတယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီရဲ said...

တခါတခါလဲ ကျရာ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင် ဖန်တီးထားတဲ့ ဘဝမျိုးလေး သရုပ်ဆောင်ချင်မိတယ်...

မြတ်နိုးသူ said...

လင်းမယ်မှကြံ
ခွင့်မသန်ခဲ့
နုံနဲ့ကြမ္မာ
ဘယ်အရာကြောင့်
ဝဋ်မှာအမြဲ
ငါ့တွင်စွဲသည်
ကဗျာကောင်းလေးအားပေးသွားပါတယ်