ဟမ်မူရာဘီရဲ့ကိုဓ
လက်တွေ့ကျင့်သုံးကြမလို့လား။
ဗုဒ္ဓရဲ့သြဝါဒတရား
ပြန့်ပွားထွန်းကားတဲ့ရွှေပြည်ကြီး
သွေးချောင်းသွင်သွင်စီးတော့မလား။
သွေးချင်းအတူတူ
ကိုယ့်သွေးမှပိုနီတယ်လား။
သူလည်းလူသား ကိုယ်လည်းလူသား
အမှားကင်းသူရော ရှိမှာလား။
ဝမ်းနည်းနေတဲ့ကောင်းကင်
ငိုကြွေးနေတဲ့တိမ်လွှာပြင်အောက်
မှောက်ချသမျှနဲ့
ပေါက်ကရမှန်သမျှ
လက်ခံပေးရမယ်ဆို…
အစ်ကို ရေ ..
မြေသားမှာ အင်အားရှိပါ့မလား။
ပျိုးယုဝသုန်
3:46:52 PM
06-06-2012
Wednesday (BNE)
5 comments:
ဟုတ်ပါတယ် လူဆိုတာအမှားမကင်းကြဘူး
တယောက်နဲ့ တယောက်ခွင့်လွတ်သည်းခံစိတ်လေးထား
ကြမယ်ဆို ကဗျာကြီးအရမ်းသာယာမှာပဲနော်
သိပ်ပြီး အဓိပ္ပါယ်ပြည့်စုံတဲ့ ကဗျာကောင်းလေးပါ
ခင်တဲ့ 
မိုးသူ(တောင်ကြီး)
ဟုတ်တယ်ဘယ်သူမှ အမှာမကင်းကြပါဘူး
ခွင့်လွှတ်လို့ရတဲ့အမှာကိုသာမှားကြပါစေ
ပျိုးကဗျာလေးအရမ်းကိုရင်ထဲထိတယ်
သူ့ သွေး ကိုယ့်သွေး ဆိုတာထက် ဘာသာရေးကြောင့် ပိုခက်ရပြီ ထင်ပါ့ အစ်မရေ...
ရင်မောတယ် အစ်မရေ
မုတ်ဆိတ်ဖားဖား
အရာကြီး ကုလားကို
နှမ သနားနိုင်မလားဟင်။
(ဗေဒါလန်း)
Post a Comment