Wednesday, 6 June 2012

မှားခြင်းများ




ဟမ်မူရာဘီရဲ့ကိုဓ
လက်တွေ့ကျင့်သုံးကြမလို့လား။

ဗုဒ္ဓရဲ့သြဝါဒတရား
ပြန့်ပွားထွန်းကားတဲ့ရွှေပြည်ကြီး
သွေးချောင်းသွင်သွင်စီးတော့မလား။

သွေးချင်းအတူတူ
ကိုယ့်သွေးမှပိုနီတယ်လား။

သူလည်းလူသား ကိုယ်လည်းလူသား
အမှားကင်းသူရော ရှိမှာလား။

ဝမ်းနည်းနေတဲ့ကောင်းကင်
ငိုကြွေးနေတဲ့တိမ်လွှာပြင်အောက်
မှောက်ချသမျှနဲ့
ပေါက်ကရမှန်သမျှ
လက်ခံပေးရမယ်ဆို…
အစ်ကို ရေ ..
မြေသားမှာ အင်အားရှိပါ့မလား။


ပျိုးယုဝသုန်
3:46:52 PM
06-06-2012
Wednesday (BNE)

6 comments:

မိုးသူ(တောင်ကြီး) said...

ဟုတ်ပါတယ် လူဆိုတာအမှားမကင်းကြဘူး

တယောက်နဲ့ တယောက်ခွင့်လွတ်သည်းခံစိတ်လေးထား
ကြမယ်ဆို ကဗျာကြီးအရမ်းသာယာမှာပဲနော်

သိပ်ပြီး အဓိပ္ပါယ်ပြည့်စုံတဲ့ ကဗျာကောင်းလေးပါ

ခင်တဲ့ 

မိုးသူ(တောင်ကြီး)

စံပယ်ချို said...

ဟုတ်တယ်ဘယ်သူမှ အမှာမကင်းကြပါဘူး
ခွင့်လွှတ်လို့ရတဲ့အမှာကိုသာမှားကြပါစေ
ပျိုးကဗျာလေးအရမ်းကိုရင်ထဲထိတယ်

ညီရဲ said...

သူ့ သွေး ကိုယ့်သွေး ဆိုတာထက် ဘာသာရေးကြောင့် ပိုခက်ရပြီ ထင်ပါ့ အစ်မရေ...

san htun said...

ရင်မောတယ် အစ်မရေ

Anonymous said...

မုတ်ဆိတ်ဖားဖား
အရာကြီး ကုလားကို
နှမ သနားနိုင်မလားဟင်။
(ဗေဒါလန်း)

richelle co said...

Hi, Very Interesting post you have here... It would be my pleasure if you visit my website too. Here's the link http://motors.com.mm/?utm_campaign=mot_mm_lb_blog_riche&utm_source=mot_lb_blog