ညဦးလေပြည်
ညင်းညက်စွေစဉ်
ကောင်းကင်ယံထက်
ပြိုး ပြက် လက် သည့်
ညဥ့်၏ခြုံလွှာ
ကမ္ဗလာသည်
ည၏အဆင်တန်ဆာလော..။
ညဥ့်ဦးယံတိုင်း
ရေနွေးဝိုင်းတွင်
မျှ ယှဉ် ရသ
ထို သုတ ၌
နှစ်ခြိုက်ကြည်မွေ့
ဤဓလေ့သည်
ည၏အဆင်တန်ဆာလော..။
တွေ့ဆုံခဏ
ကျွမ်းဝင် ကြစဉ်
မမြင် အတိတ်
ခွင့်လွှတ်စိတ်နှင့်
မိတ်ကောင်း ဆွေရင်း
ငါ ရခြင်း သည်
ဘဝ၏ အဆင်တန်ဆာ ကော..။
ပျိုးယုဝသုန်
01:05:27 AM
10-01-2013
Thursday (BNE)
4 comments:
လောကတစ်ခွင်မှာ အင်မတန်ရှားတဲ့ မိတ်စစ်ဆွေစစ်တွေပေါများပါစေ ၀သုန်ရေ။
သိမ်မွေ့နူးညံ့တဲ့ ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မမ၀သုန်ကဗျာလေးတွေကအမြဲတမ်း အဓိပ္ပါယ်ရှိပြီး
နူးညံ့တယ် အားပေးလျက်ပါနော်
မနဲ့ အတူ နူးညံ့စွာပျော်ဝင်စီးမြောခဲ့ပါကြောင်း....:)
ချစ်တဲ့....မိုးနတ်
သည်ကဗျာကိုတော့
အတော့်ကို သဘောကျမိတယ်ဗျာ။
ကဗျာကို ပုံဖေါ်သွားတာ
သိပ်ကို ပီသတယ်။
( မင်းဧရာ )
Post a Comment