Tuesday 21 August 2012

လမင်း နှင့် ခွေး





လမင်းဝါ
ခွေးအဟောင်မှာ ရောင်မပျက်တယ်
လင်းလက်ဝဠာ။

ခွေးသတ္တဝါ
တိမ်အဖုံးမှာ ထိုခဏ
လရောင်ဝါ မှိန်မှိန်ဖျော့တော့
ပြုံးလို့ပျော်စွ။

တိမ်ကင်းလို့လမင်းသာ
ထိုခွေးမှာ စွာစွာတိုး
ထိုးလို့ဟောင်တာ..။

လမောင်မှာ
ခွေးဟောင်တာ သူမသိ
ညအမှောင်မှာ သာယာလှစေဖို့
ထွန်းပနေ၏..။


ပျိုးယုဝသုန်
10:11:15 PM
21-08-2012
Tuesday (BE)

5 comments:

Cameron said...

ကဗျာလေးကိုဖတ်ရတာ လသာညကိုသတိရသွားတယ်...။

:P said...

ကြိုက်လိုက်တာ

mstint said...

အတွေးလေးနဲ့ အရေးလေး အားပေးသွားတယ် ဝသုန်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးကောင်းလိုက်တာ မမ၀သုန်ရေ

ကေပိုး said...

ချစ်စရာ ကဗျာလေးတစ်ပုဒ်ကို ဖတ်လိုက်ရတယ်.. ချစ်ရေ..