Sunday, 8 July 2012

တိတ်တဆိတ်




သေတမ်းစာတဲ့
မရေးလို့မဖြစ်
ရေးကိုရေးရစ်ရတော့မယ် ..။

ပိုင်ဆိုင်သမျှ
ဆန္ဒနဲ့အတွေး
ပေးချင်သူကိုပေးရစ်ပါ..။

ဆွေမျိုးညာတိ
အတိဒုက္ခရောက်သူကိုပေးမလား၊
ပေါက်ဖော်မွေးချင်း
မောင်ရင်းနှမကိုပေးမလား..။
သာသနာပြု
ဒါနကုသိုလ်စုမလား..၊
ပရဟိတအဖြစ်
သမစိတ္တ ချန်ရစ်မလား..၊
ဘာမှမရေး
ဘယ်သူ့မှမပေးဘူးဆို
နိုင်ငံ့ဘဏ္ဍာအောက်
အလိုအလျောက် ရောက်မတဲ့ ..။

ဒီလိုနဲ့တိတ်တဆိတ်
ညတွေလည်းမအိပ်သာ
စာရွက်ပေါ်က စာသား
တစ်ဦးတစ်ယောက် ကောင်းစားစေ…။

အချိန်မတန်ခင်
အိမ်ပြန်ရသူတစ်ဦး
နှုတ်မဆက်တော့ဘူးဆုံးဖြတ်တယ်..။



ပျိုးယုဝသုန်
3:48:17 AM
08-07-2012
Sunday ( BNE)




6 comments:

AH said...

အမ ပြောတော့မှ သတိရသွားတယ်... ဘာကို ဘယ်သူ့အတွက် ချန်ခဲ့ရမလဲ ဆိုတာကိုပေါ့ ?

စံပယ်ချို said...

ချန်ခဲ့ချင်တာများတယ်
ဒါပေမယ့် ဘာမှ မရှိတာခက်တယ်ပျိုးရေ

မိုးငွေ့........ said...

အင်းလေ မတွေးထားမိတဲ့ အရာလေးကို ဒီကဗျာမှာတွေ့လိုက်တယ်...။

နွေတေးရှင် (မင်းဧရာ) said...

အချိန်မတန်ခင်အိမ်ပြန်ရသူတစ်ဦး
နှုတ်မဆက်တော့ဘူးဆုံးဖြတ်တယ်..။

ဘယ်သူ့ကိုလည်းဗျ....
ကဗျာရဲ့အလို သည်တစ်ကြောင်းက ဘယ်သို့ဆိုပါလိမ့်
း)။

သည်လိုဘဲပေါ့ မ၀သုန် နှုတ်ဆက်ချင်ပါ လျှက်နဲ့ နူတ်ဆက်ခွင့်မသာခဲ့တာတွေ နှုတ်ဆက်ခွင့် သာပါလျှက်နဲ့ နှုတ်မဆက်ခဲ့ရတာတွေ ဘ၀ ဆိုတာ အထွေထွေပါဘဲ။

နေမင်း said...

ခံစားသွားတယ် အမရေ...:-)

Mary Grace said...

Hi your blogs looks so impormative and interesting.would you come and visit us back too
http://ads.com.mm/?

cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_

medium=lb_blog