Wednesday, 13 June 2012

ခရီးဖော်




အားပေးသူနဲ့
ဖေးကူမဲ့တဲ့
ဘဝရဲ့ခရီး
လမ်းကြမ်းကြီးမှာ
ဆက်ကာလျှောက်သွား
ဆူးတွေများလည်း
အရွေ့ရှိဖို့ ဆက်ရတယ်။

ခလုတ်ကန်သင်း
ချိုင့်ခွက်ချဉ်းက
ထိရှအနာ
ငါဝေးကွာဖို့
ပါးလွှာခြေနင်း
ကာကွယ်ရင်းနဲ့
သူပဲ ပွန်းပဲ့ခံခဲ့တယ်။

လမ်းဆုံးပန်းတိုင်
ရောက်ခဲ့နိုင်တော့
မေ့လျော့မတွေး
ပျော်ရေးဆက်ဆက်
ငါခုံမက်စဉ်
မညိုညင်သား
ချောင်ကြားတိတ်တိတ်ခိုခဲ့တယ်။

ဖျတ်ကနဲကြည့်
ဝမ်းနည်းမိသား
အမှားကျူးမိ
ဖြေမချိပြီ၊
ငါ၏အဖော်
ကောက်ယူခေါ်မည်
သင့်အား ငါသို့ တင့်စေမည်။



ပျိုးယုဝသုန်
09-01-28 AM
13-06-2012
Wednesday (BNE)










5 comments:

ကေပိုး said...

ခလုတ်ကန်သင်း
ချိုင့်ခွက်ချဉ်းက
ထိရှအနာ
ငါဝေးကွာဖို့
ပါးလွှာခြေနင်း
ကာကွယ်ရင်းနဲ့
သူပဲ ပွန်းပဲ့ခံခဲ့တယ်... တဲ့

လွင်ပြင်လှိုင်းငယ် said...

လမ်းဆုံးပန်းတိုင်
ရောက်ခဲ့နိုင်တော့
မေ့လျော့မတွေး
ပျော်ရေးဆက်ဆက်
ငါခုံမက်စဉ်
မညိုညင်သား
ချောင်ကြားတိတ်တိတ်ခိုခဲ့တယ်။

မမ၀သုန်ကတော့ လက်စွမ်းထက်ပါ့

မိုးငွေ့........ said...

တော်ပြီးရင်းတော်ပဲ....း)

စံပယ်ချို said...

ခရီးဖော်တဲ့ ကောင်းလိုက်တဲ့ကဗျာလေးပါ

နွေတေးရှင်(မင်းဧရာ) said...

ခရီးဖေါ်...

မိတ်ကောင်း ဆွေကောင်း
ထို အပေါင်းကို
သောင်းကြိုဖြဖြ ရှိတတ်စေ။

မ၀သုန်ရဲ့ ကဗျာလေးကိုဖမ်းဆုပ်ကြည့်လိုက်တော့
အဲသလိုလေး ပြန်ပြောချင်စိတ်လေး ရှိသွားလို့ပါ
လောကမှာ ကိုယ့်ကိုဖေးကူတဲ့သူက အတော်ရှားသမို့လား..။