Friday 18 May 2012

နှောင်း


မိုးပြေးတစ်ပေါက်
မိုးကြိုထောက်လို့
နွေနောက်နှုတ်ဆက်
သူဖြန်းပက်လည်း
နွေရက်ဂိမ္မန်
ရော်ရွက်ကျန်ကား
ပြန်ကြားနိုင်စွမ်းမဲ့ခဲ့ပြီ…။


ပျိုးယုဝသုန်
11:49:32 PM
18-05-2012
Friday (BNE)

8 comments:

လွင်ပြင်လှိုင်းငယ် said...

အားပေးခံစားသွားပါတယ် မမ၀သုန်ရေ

Cameron said...

မိုးဦးစ နွေကို နှုတ်ဆက်တဲ့ ကဗျာလေးက လွမ်းစရာလေး ဖတ်ရတာ...

မိုးသူ(တောင်ကြီး) said...

တာ့တာ နွေဂိမှာန်ရေ
ကျွန်တော်တို့ တတွေ
မိုးဥတုနဲ့ ပျော်ပါးတော့မယ်

မိုးသူ(တောင်ကြီး) said...

တာ့တာ နွေဂိမှာန်ရေ
ကျွန်တော်တို့ တတွေ
မိုးဥတုနဲ့ ပျော်ပါးတော့မယ်

htawoo said...

နှောင်းကဗျာနဲ့  အပြုံး လာဖတ်သားပါတယ်
အစ်မ၀သုန်ရေ….
တစ်ပတ်လုံးလုံး အွန်လိုင်းပေါ်ပျောက်သွားလို့ ပါ။
အခုမှ အပြုံးလေးကိုဖတ်ပြီး
မနေ့ ညက ကြည့်ခဲ့ဖူးတဲ့ စိတ္တဇလူသတ်သမားကားကို
သတိရမိရင်း တကယ်သာကြုံရရင်တော့
ခက်ရချေရဲ့လို့  တွေးနေမိကြောင်းပါ…
ထော်ဦး

စံပယ်ချို said...

မိုးဦးကြို ကဗျာလေး ခံစားနေပါတယ်

နွေတေးရှင် (မင်းဧရာ) said...

ကဗျာလေးက တိတိပပ ထိထိရှရှလေးရှိလိုက်တာဗျာ
ဖတ်ပြီးသွားတာတောင် တသသ ရှိနေလေရဲ့
ဒီလိုကဗျာလေးတွေ ပျောက်ကွယ်နေတာကြာပါပြီ
အခုလို ပြန်ပြီးဖတ်ခွင့်ရလို့ ၀မ်းမြောက်မိရဲ့ဗျာ။


ကျွန်တော် လင်ဒ့်လေး ချိတ်ထားပါရစေနော်။

ညီရဲ said...

သြော်... မိုးတောင် ဝင်လာပါရော့လား...