Wednesday 18 April 2012

စားတော်ပဲလေး ပြုတ်ကြမယ်



ဒီနေ့တော့ လွယ်ကူတဲ့ပဲလေး ပေါင်းစားကြရအောင်

၁။   စားတော်ပဲလေးတွေ ၃၇၅ ဂရမ် ဒါမှမဟုတ် ၂၀သား လောက်ကို တစ်ညလောက် ပွလာအောင်ရေစိမ်လိုက်မယ်။

၂။   နောက်နေ့မနက်မှာ ရေစစ်ပြီး ဇကာလေးထဲထည့်လိုက်မယ်။ နောက်ပြီးရင် ပေါ်က ရေစိုအဝတ်ကလေးနဲ့ အုပ်ထားလိုက်မယ်။ အဝတ်ကရေခြောက်သွားရင် ရေနဲနဲဖြန်းပေးရမယ်။ ဒီလိုနဲ့ အညှောက်လေးတွေပေါက်လာအောင် ၂ရက် ဒါမှမဟုတ် ၃ရက်လောက်ထားလိုက်ရင် လှပတဲ့ အညှောက်လေးတွေထွက်လာပြီဖြစ်တဲ့ ပဲစေ့လေးတွေကို ရပြီ။




၃။   အညှောက်ပေါက်လာတဲ့ပဲတွေကို Baking Soda လက်ဖက်ရည်ဇွန်းနဲ့ ၁ဇွန်းခွဲလောက်ထည့်ပြီး ရေမြုတ်ရုံကလေး စိမ်ပြီး တစ်ညလောက်ထားလိုက်ပါမယ်။

၎။   နောက်တစ်နေ့ မနက်မှာတော့ စိမ်ထားတဲ့ပဲတွေကိုရေစစ်ပါမယ်။ ရေဆေးမချပါဘူး။ ပြီးတော့ ရေစစ်ပြီးတဲ့ပဲတွေကို ဆားလက်ဖက်ရည်ဇွန်း ၁ဇွန်း သကြားလက်ဖက်ရည်ဇွန်း ၄ဇွန်း ထည့်ပြီး သမအောင် အညှောက်ကလေးတွေ မကျိုးပဲ့အောင် အသာအယာ မွှေလိုက်ပါမယ်။

၅။   အဲ့ဒီနောက်မှာ ထမင်းပေါင်းအိုးကို ရေထက်ဝက်လောက်ထည့်လိုက်ပါမယ်။ ပြီးရင် ပေါ်မှာ ထမင်းပေါင်းအိုးနဲ့ အတူတူ ပါတဲ့ ဇကာကို တင်လိုက်ပါမယ်။ ဇကာပေါ်မှာ ပိတ်စအပါး သန့်သန့် တစ်ခုကို ခင်းလိုက်ပါမယ်။ ပြီးရင် ဆား၊သကြားတို့နဲ့ ရောနယ်ထားတဲ့ ပဲတွေကိုထည့်လိုက်ပါမယ်။ ထည့်ပြီးရင် ဘေးမှာပိုနေတဲ့ ပိတ်စတွေကို ပဲတွေအပေါ်မှာပြန်အုပ်လိုက်ပါမယ်။ ပြီးရင်တော့ အဖုံးလေးပိတ်ပြီး ၄၅ မိနစ်လောက်တည်ထားပါမယ်။



၆။   အဲ့ဒီနောက်မှာတော့ အဖုံးလေးမဖွင့်ခင်မှာပဲသင်းပျံ့နေတဲ့ စားတော်ပဲပေါင်းကလေးရဲ့ အနံ့ကလေးကို ရရှိမှာပါ။ နူးအိနေတဲ့ ပဲကလေးတွေဟာ ထမင်းနဲ့ပဲစားစား၊ ပလာတာ နံပြားနဲ့ပဲစားစား နှစ်သက်သလိုစားသောက်ဖို့ အဆင်သင့်ဖြစ်နေပြီပေါ့ရှင်။


မမဝသုန်
18-04-2012
11:07:30 AM
Wednesday (BNE)

7 comments:

ကြယ်ပြာ said...

မိုက်တယ် မ၀သုန်ရေ .... ပဲပြုတ်နည်းလေးသိချင်နေတာနဲ့ အတော်ပဲ ... ကျေးဇူးတင်ပါတယ်နော်။

လွင်ပြင်လှိုင်းငယ် said...

ပဲပြုတ်လေးက အညှောင်းလေးတွေနဲ့
မဒမ်လွင်ပြင်ကို လုပ်ခိုင်းရမယ် ဟိ

စံပယ်ချို said...

ခဏ ခဏ လုပ်စားတယ်
တစ်ခါမှ အဲလိုမဖြစ်ဘူး
ပဲကိုအကြာကြီး နေနူးထားတော့
အနံ့ မနံဘူးလား ပြန်လုပ်စားဦးမယ်

Cameron said...

မမ၀သုန်ရေ အဲဒီညှောင်ထွက်တဲ့ ပဲတွေကို အရိုးလေးနဲ့ပြုတ်လည်း ဟင်းတစ်ခွက်ဖြစ်တယ်...။

Unknown said...

မှတ်ထားလိုက်မယ်ဗျာ...
နောက်စားချင်ရင် ချက်စားလို့ရအောင်....:P

Anonymous said...

အဲဒါဘာပဲလဲမမ
လန်ဒန်မှာဆို ဘယ်မှာဝယ်၇မလဲ

San San Htun said...

ပဲအမျိုးအစားလေး ဓာတ်ပုံတင်ပေးပါလား မမဝသုန်ရေ..ဓာတ်ပုံနဲ့ မှ ဘာပဲမှန်း သိတယ်..:P