Friday 13 April 2012

ချစ်ဖွယ့် နှစ်ဆန်း



ရော်ရွက်တို့ကြွေ
နွေရာသီလတန်ခူး
ပက်ဦးရေ အတာကြူးပါကြ
လမြတ်နှစ်ကူး..။

ဗုံမောင်းတို့ ခြိမ်းခြိမ်းညံ
နှစ်ဆန်းဟန် အမှန်ထူးပါတဲ့
မြူးဖွယ့်သင်္ကြန်..။

ဘေးမဲ့သဏ္ဍန်..
လူတိုင်းအမှန်ဆင်နွဲ
ယှဉ်တွဲကာ ကုသိုလ်ကဲပါတဲ့
သက်လွှတ်မယ့်ပွဲ..။

ညခင်းရဲ့နေညိုရီ
ပရိတ်သီ မိုးဆီ တိုးပါတဲ့
ရိုးရာ့တစ်လီ..။

ညခါမှီ..
မောင်တို့ညီချက်ရင်း
သတင်းစုံ ငြင်းခုန်ရှင်းပါတဲ့
အိုးကြီးချက်ဟင်း..။

ဟင်းနွေးတဲ့ ကိုလူညို
နှမပျို မျက်နှာငေး
ပေး ထည့်ပိုပို..။

ကလေးရယ်ငို
ဟယ် ခွေးဆိုလည်းမငြင်း
တလင်းမှာ ခင်းမယ် ရှင်းပါဟ
ညအလှ မြင်ကွင်း..။


ပျိုးယုဝသုန်
11-04-2012
Wednesday (BNE)

7 comments:

ရင်ဆူး said...

မကြီးဝသုန် ရေးတာလေး ကောင်းတယ်ဗျာ....အဲလို မရေးတတ်ဘူး .. အားကျပါရဲ့ဗျာ...

စံပယ်ချို said...

မြန်မာ ကဗျာစစ်စစ်လေးတွေရေးတတ်တဲ့
ချစ်မကိုတော့ အာဘွားးးးးးးးး

လွင်ပြင်လှိုင်းငယ် said...

ကဗျာတွေကတော့ အရမ်းကို ကောင်းတယ်ဗျာ...အားကျလိုက်တာနော်

ညီရဲ said...

ကဗျာလေးက ဖတ်ရတာကိုက အဆင်ပြေနေတာ... မင်္ဂလာနှစ်သစ်လေး ဖြစ်ပါစေ အစ်မ...

mstint said...

ကဗျာလေးဖတ်ရတာ ကောင်းလိုက်တာ။
အဲဒီလိုပါရမီက မပါလာတော့ သူများကဗျာတွေကို အားကျရင်းလိုက်ဖတ်နေတယ် ဝသုန်ရေး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

San San Htun said...

နှစ်သစ်ကဗျာလေးက မြန်မာရနံ့ တွေ ရတယ်

မိုးသူ(တောင်ကြီး) said...

ကဗျာလေးက ရိုးလွန်းလို့ လားမသိဘူး
ခပ်ဆန်းဆန်းလေး ဖြစ်သွားသလိုပဲ
အဲလို ကဗျာလေးတွေ မဖတ်မိတာတော်တော်ကြာနေဘီ
တြော်တော်လှတဲ့ ကဗျာလေးပါ