Friday 2 March 2012

ငါးထောင်တန်ဖုန်းအပေါ်ဘလော့ဂ်ဂါတို့၏အမြင် (တက်ဂ်ပို့စ်)



နေ့လည်ကကိုးကိုးပို့လာတဲ့တက်ဂ်ပို့စ်လေးကိုတွေ့လို့စိတ်ဝင်တစားဖတ်ဖြစ်တယ်..ဖတ်ပြီးတော့မမဝသုန်လည်းနည်းနည်းလောက်တော့ကို်ယ့်အမြင်လေးဝင်ရေးဦးမှဆိုပြီးစဉ်းစားမိတယ်..


မမဝသုန်မြန်မာပြည်ရဲ့ပြင်ပကိုရောက်နေတာ၇နှစ်၈နှစ်လောက်ရှိပြီ…မမဝသုန်ရန်ကုန်မှာရှိနေတုန်းကမိုဘိုင်းဖုန်းတတစ်လုံးကိုသိန်း၄၀ကနေ၄၅သိန်းအထိပေးဝယ်ရပါတယ်…ဒါတောင်မှဆယ်လူလာလို့ခေါ်တဲ့၀၉၉၉နံပါတ်တွေပါ..ခေါ်ရပြောရတာလည်းကြားတခါမကြားတစ်လှည့်ပေါ့..စစချင်တုန်းကဆယ်လူလာဖုန်းတွေကလူကိုထုရင်တောင်အနည်းဆုံးခေါင်းပေါက်နိုင်မယ်ထင်ရအောင်အတုံးလိုက်ကြီးတွေ..



ဒီလိုနဲ့၂၀၀၀ပတ်ဝန်းကျင်မှာတော့ဂျီအက်စ်အမ်တွေကိုစတွေ့ရတယ်…လက်ကိုင်သေးသေးလေးတွေနဲ့သုံးခွင့်ရတော့ပိုပြီးနှစ်သက်ကြတာပေါ့…ဒါပေမယ့်လည်းလက်ကိုင်ဖုန်းဆိုတာလူကုံထံတွေရဲ့ပြယုဂ်တစ်ခုလိုပါပဲ…မိုဘိုင်းလ်ဖုန်းလေကိုင်ထားရင်ကိုလူတွေကအထင်တွေကြီးလို့..ဖုန်းရှိတဲ့သူတွေကလည်းလူကြားထဲမှာဖုန်းလေးထုတ်ထုတ်ဆက်ရတာအမောပါပဲ…ကိုယ်တွေလည်းအပါအ၀င်ပေါ့လေ…နောက်တော့တဖြည်းဖြည်းနဲ့ကိုယ့်ဘာသာကိုယ်ရှက်လာခဲ့တယ်..နောက်ပိုင်းမှာလူလည်ခေါင်မှာဖုန်းထုတ်ပြီဆက်တာကိုမလုပ်တော့သလောက်ပါပဲ..အ၀င်ဖုန်းတွေကလွဲလို့ပေါ့…


ရုပ်ရှင်တွေထဲမှာမြင်ရသလိုလူတိုင်းမိုဘိုင်းလ်ဖုန်းဘယ်တော့များမှကိုင်နိုင်မှာလဲလို့မကြာမကြာတွေးမိခဲ့တယ်…ကိုယ်ခင်တဲ့ချစ်တဲ့သူတွေကိုအချိန်မရွေးဆက်သွယ်ချင်တာကိုးလေ..အခုတော့ဒီလိုအခွင့်အရေးတွေမြန်မာပြည်ကညီအကိုမောင်နှမတွေရတော့မယ်ဆိုတော့အရမ်းဝမ်းသာမိတယ်..ဖြစ်လည်းဖြစ်စေချင်တယ်…ရလည်းရစေချင်တယ်…

မေးခွန်းလေးတွေအပေါ်မှာမမဝသုန်ရဲ့အမြင်ကတော့ဒီလိုပါ..

ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား
ဖြေ။      ။ မမြင်ပါဘူး..နှစ်သိန်းဆိုတာဘယ်လိုဖြစ်ဖြစ်များကိုများနေပါသေးတယ်..သူများနိုင်ငံ တွေမှာဆိုဆင်းမ်ကဒ်တစ်ခုကိုမြန်မာငွေ၇၅၀-၈၀၀လောက်သာပေးနေရတဲ့အချိန်မှာနှစ်သိန်း
ဆိုတာကမြန်မာပြည်သူလူထုအတွက်တော်တော်လေးကိုများနေပါတယ်..ဖုန်းရောဆင်းမ်ကဒ်ရောဆိုရင်တော့မဆိုးဘူးပေါ့နော်..


ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ
ဖြေ။      ။  စိတ်ကူးကောင်းလိုက်တာလို့ဒီစိတ်ကူးကိုရရှိပြီးအကောင်အထည်ဖော်တဲ့သူကို ကော်ဖီကောင်းကောင်းတိုက်ချင်ပါတယ်…သူ့ရဲ့စေတနာကိုမြင်ရတယ်လေ..တစ်ဦးတစ်ယောက်ထဲအတွက်မဟုတ်ပဲအားလုံးအတွက်ရရှိခဲ့တဲ့စိတ်ကူးဟာအခန့်မသင့်ရင်သူ့ကိုတောင်ဒုက္ခရောက်စေနိုင်တာပဲ..ချီးကျူးပါတယ်..



ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ
ဖြေ။      ။  မည်သူမဆိုမိမိတို့ရဲ့ဆန္ဒကိုထုတ်ပြခွင့်ရှိသင့်ပါတယ်..ခုလိုပြည်သူ့လွှတ်တော်အထိ စုပေါင်းလက်မှတ်ထိုးပြီးတင်ပြခွင့်ရခြင်းဟာတိုးတက်လာတဲ့အခြေအနေတစ်ခုပါ..၀မ်းမြောက်ဝမ်းသာကြိုဆိုပါတယ်..ပြီတော့ပြည်သူ့လွှတ်တော်အနေနဲ့ကလည်းပြည်သူပြည်သားတွေရဲ့အသံကိုနားထောင်သင့်ပါတယ်..လိုက်လျောပေးခြင်းမလိုက်လျောပေးခြင်းဆိုတာထက်ခုလိုအန္တရယ်မရှိပဲတင်ပြခွင့်ရတာကိုကတိုးတက်လာမှုတစ်ရပ်ပါ…


ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား
ဖြေ။      ။  လှိုက်လှိုက်လှဲလှဲကိုကြိုဆိုပါတယ်…၀မ်းမြောက်ဝမ်းသာကြိုဆိုပါတယ်


ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ
ဖြေ။      ။  လူတိုင်းဆက်သွယ်မှုရဲ့ဧရိယာအတွင်းမှာရှိနေရင် အစစအရာရာပိုပြီးအဆင်ပြေပါ တယ်…အသေးစားမိုဘိုင်းလ်ပြင်ဆင်မှုလေးတွေကအစတစ်နိုင်တစ်ပိုင်ကိုယ်ပိုင်စီးပွားရေးလေးတွေကိုအချိတ်အဆက်မပြတ်လုပ်ကိုင်လာနိုင်မယ်လို့ယုံကြည်မိတယ်…အလုပ်အပ်ချင်တဲ့သူကလည်းဆက်သွယ်လို့ရတဲ့သူတွေကိုသာဆက်သွယ်မှာဖြစ်တာကြောင့်လူတိုင်းကိုင်နိုင်တဲ့ဒီငါးထောင်တန်ဖုန်းတွေသာထွက်လာခဲ့မယ်ဆိုရင်အလုပ်လက်မဲ့ဦးရေလည်းနည်းသွားနိုင်ပါတယ်…အောက်ခြေအလုပ်တွေလုပ်တဲ့လူတွေကအစခေါ်ရပြုရဆက်သွယ်ရလွယ်ကူလာလျင်သူတို့ရဲ့စားဝတ်နေရေးလည်းအတန်အသင့်တော့အဆင်ပြေလာနိုင်မှာပါ…



၆။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား
ဖြေ။      ။  မမြင်ပါဘူး..ဘယ်လိုလုပ်ပြီးတန်ဖိုးနည်းဖုန်းဖြစ်နိုင်ပါ့မလဲ..ဆင်းမ်ကဒ်တစ်ကဒ်ကို ဒေါ်လာ၂၀၀ကျော်ပေးပြီးသုံးရတာကမမဝသုန်တို့ရွှေပြည်ကြီးမှာပဲ၇ှိမယ်ထင်တယ်..ဒါပေမယ့်လွန်ခဲ့တဲ့ကာလတွေကထက်စာရင်တော့တော်တော်ကလေးသက်သက်သာသာဖြစ်လာတာမို့မြန်မာပြည်ကညီအကိုမောင်နှမတွေတော်တော်များများလည်းကိုယ်ပိုင်နံပါတ်နဲ့ဖုန်းကလေးတွေကိုင်လာနိုင်ကြတာတော့ဝမ်းသာစရာပါ…ဒီထက်ပိုပြီးအခြေခံလူတန်းစားတွေပါကိုင်လာနိုင်မယ်ဆိုရင်တော့ဒါဟာမင်္ဂလာတစ်ပါးပါပဲ..တကယ်လို့များဖုန်းလိုင်းတွေအကုန်လုံးဟာအလွယ်တကူဆက်သွယ်လို့ရများရခဲ့ရင်တော့ဒါဟာတကယ့်ကိုမင်္ဂလာပေါ်မှာမင်္ဂလာဆင့်သွားတာပေါ့.


လူတိုင်းဆက်သွယ်မှုဧရိယာအတွင်းမှာရှိနေနိုင်ပါစေလို့ဆုတောင်းလျက်..

မမဝသုန်
ခေတ္တ (BNE)



6 comments:

လွင်ပြင်လှိုင်းငယ် said...

အမြင်လေးကို အားပေးသွားပါတယ်

ညီရဲ said...

ပြည်သူလူထုကြား ဆက်သွယ်ရေးတွေ ပိုလွယ်ကူ အဆင်ပြေလာမယ့် အရေးမို့ မျှော်လင့်မိပါတယ်...

Anonymous said...

[url=http://teenshealthinfo.com/]teenshealthinfo.com[/url] - QLLLLGQLRQG- teenshealthinfo.com , http://teenshealthinfo.com

Cameron said...

မမ၀သုန်ရဲ့ အမြင်လေးလာဖတ်သွားတယ်...း)

မဒမ်ကိုး said...

ဆုတောင်းနေတယ်မမရေ

ချစ်တဲ့



ိဒိုးကန်

Yin Sue said...

မမ၀သုန်ရေ....အမြင်လေး လာဖတ်သွားပါတယ်ဗျာ..