Sunday 4 March 2012

ကလေးကဗျာများ(၂၂) - ဝလုံးရေးနည်း


ကကြီးခခွေး
စာကိုရေး
ညီလေးမောင်ရေအေး..

ဝလုံးရေးတော့
ညီလေးမှိုင်
ဝလုံးမဝိုင်းနိုင် …

ယိမ်းယိမ်းယိုင်စ
သူ့ဝလုံး
ကူညီကြပါဦး …

မိုးပေါ်ကြည့်ပါ့
လမင်းဝါ
ပြုံးလျက်ထိန်ထိန်သာ…

သူ့မျက်နှာကို
ကူးကာရေး
ညီလေး ဝလုံးဝိုင်းမယ်လေး…


ပျိုးယုဝသုန်
11:49:09 PM
03-03-2012
Saturday(BNE)

2 comments:

ဖြိုးဇာနည် said...

စိတ်ဖြေသိမ့် ခံလိုက်ရပါတယ်

ဝလုံးဘဝလေးကိုပြန်ရလိုက်သလိုပါပဲ

ပျော်ရွှင်ပါစေ

San San Htun said...

မမဝသုန် ကဗျာလေးတွေက ဘယ်အချိန်ချိန်ဖတ်ဖတ် ဖတ်လို့ ကောင်းတယ်..