ဒီနေ့တော့ ဘာရယ်မဟုတ်ပဲလုပ်ရတာလွယ်ကူတဲ့ထောပတ်ကိတ်မုန့်လေးလုပ်ဖြစ်တယ်..
ခက်ခက်ခဲခဲမဟုတ်သလိုအချိန်လည်းအများကြီးပေးစရာမလိုတဲ့အတွက်အဆင်ပြေလှပါတယ်..
လိုအပ်သောပါဝင်ပစ္စည်းလေးတွေကတော့
ထောပတ် ၂၀၀ ဂရမ်
သကြား ၂၅၀ ml တစ်ခွက်
ဗနီလာအနံ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်ဥ ၃ လုံး
ပြင်ဆင်ပြီးဂျုံမှုန့် ၂၅၀ ml ၂ခွက်
နွားနို့ ၁၀၀ ml
ဂျုံမှုန့်ပြင်ဆင်ရန် ။ ။ ဂျုံမှုန့် ၂၅၀ ml ၂ခွက်ကိုမုန့်ဖုတ်ရာတွင်အသုံးပြုသောဆိုဒါ စားပွဲတင် ဇွန်းတစ်ဇွန်းနှင့်ရော၍ဇကာနှင့်စစ်ချပါ..ဂျုံမှုန့်နှင့်ဆိုဒါမှုန့်သမမျှတနေရန်လိုအပ်ပါတယ်...
၁။ oven ကို ၁၈၀ ဒီဂရီဖြင့် အပူပေးထားပါ..
၂။ ထောပတ်၊သကြား၊ဗနီလာနှင့်နွားနို့တို့ကိုအနှစ်ဖြစ်သည်အထိမွှေပေးပါ..ထို့
နောက်ကြက်ဥကိုတစ်လုံးစီထည့်ပြီးအားလုံးသမ၍အနှစ်ပုံစံဖြစ်သည်အထိစက် နှင့်ဖြစ်စေ..လက်နှင့်ဖြစ်စေမွှေပေးပါ..ထို့နောက်ပြင်ဆင်ထားသောဂျုံမှုန့်ကိုဇကာ ဖြင့်စစ်ချပါ..ပြီးလျင်အားလုံးကိုတသားထဲဖြစ်အောင်မွှေပေးပါ….
၃။ ၂စင်တီမီတာအကျယ်ရှိသည့်မုန့်ဖုတ်သည့်ဗန်းကိုဆီ(သို့)ထောပတ်ဖြင့် သုတ်လိမ်းထားပါ..
၎။ ထို့နောက်ဗန်းထဲသို့မွှေထားသောမုန့်အနှစ်များကိုထည့်၍မျက်နှာပြင်ကိုညီအောင်
ညှိပါ..
၅။ အပူပေးထားသော Oven ထဲသို့မုန့်ဗန်းကိုထည့်ပြီး၄၅မိနစ်မျှထားပါ…
၆။ မိနစ် ၄၀ မျှကြာလာလျင်မုန့်ဗန်းအလယ်သို့တူဖြင့်ထိုးသွင်းကြည့်ပါ..
၇။ မုန့်နှစ်များတူတွင်ကပ်ပါမလာလျင်မီးကိုပိတ်လိုက်ပါ..
၈။ Oven ထဲတွင် ၁၀ မိနစ်မျှထားလိုက်ပါ..
၉။ ထို့နောက်မုန့်ဗန်းကိုအပြင်ထုတ်ပြီးဇကာပေါ်တင်ကိတ်မုန့်ကိုအအေးခံပါ…
ထို့နောက်အနံ့အရသာနှင့်ပြည့်စုံသောထောပတ်ကိတ်မုန့်ကလေးကိုရရှိပြီဖြစ်တယ်…
လေလုံဗူးထဲတွင်ထည့်ထားလျင်၃ရက် ၄ရက်မျှ အထားခံပါသည်..
မမဝသုန်
ခေတ္တ BNE
မနက်ဖြန် ၁၃-၀၂-၂၀၁၂ မှာကျရောက်မယ့်မေမေ့မွေးနေ့ကိုသတိတရနဲ့လုပ်ဖြစ်ခဲ့တာပါ...
မမဝသုန်ရဲ့မေမေက အချက်အပြုတ်အင်မတန်ဝါသနာပါတဲ့အမျိုးသမီးကြီးတစ်ယောက်လေ...
5 comments:
ကဗျာလှလှလေးတွေရေးတတ်တဲ့ ဆရာမက မုန့်လှလှလေးတွေလည်း လုပ်တတ်တာကိုး... စားချင်စရာ...း))
ကိုယ်တိုင်မလုပ်တတ်လို့သူများလုပ်တာပဲ
လာရောက်စားသုံးသွားပါတယ်ဗျာ
နောက်ကျပြီထင်တာ
တော်သေးတာပေါ့ကျန်နေသေးလို့
ခိခိ..များဂျီးရှိသေးတယ်ဂျက်ဂျက် ရဲ့..
စားလို့  ကောင်းမဲ့ပုံပဲ..လွယ်တယ်ဆိုပေမဲ့ တခါမှ မလုပ်စားဖြစ်ဘူး..
Post a Comment