Monday 13 February 2012

ဝေး


ချစ်ခြင်း၇ယ်မညီ
ပြစ်တင်းသီစီကာဖွဲ့(တော့)
လွဲခဲ့ပေပြီ…

ကြောင်းရယ်မညီ
နှောင်းလေပြီသည်အတွေး
ရင်လေးကာမှိုင်မှိုင်ဆွေးပါနဲ့
ရှုံးတဲ့ဝဋ်ကြွေး…

မာနကိုသကာဖုံး
ပြုံးခဲ့တဲ့သည်အချိန်
ငြိမ်သက်စွာမျက်ရည်မိုးတွေနှင့်
လမ်းပျောက်လို့မှိန်…

လွမ်းတဲ့အိမ်
မိန်ရာသီခါခါပြောင်း
ရွက်ဟောင်းတွေလေနှင့်လွင့်နေခဲ့
အသစ်ဖြစ်တဲ့ဆောင်း …



ပျိုးယုဝသုန်
5:41:59 PM
13-02-2012
Monday (BNE)

5 comments:

မိုးသူ(တောင်ကြီး) said...

မာနကိုသကာဖုံး
ပြုံးခဲ့တဲ့သည်အချိန်
ငြိမ်သက်စွာမျက်ရည်မိုးတွေနှင့်
လမ်းပျောက်လို့မှိန်…

ကဗျာက လွမ်းလွမ်းဆွေးဆွေးလေး ခံစားရပါတယ်ဗျာ

ညီရဲ said...

ကဗျာလေးကို ဖတ်ပြီး လွမ်းလွမ်းဆွေးဆွေးလေး ခံစားမိသွားတယ်...

မြတ်ပန်းနွယ် (Myat Pan Nwe) said...

မြတ် ဆွေးးသွားတယ် ဝသုန်ရယ် ..

Lps said...

ကဗျာလေးအားပေးဖတ်သွားပါတယ်နော်
ခင်မင်လေးစားလျှက် (လွမ်း)

Anonymous said...

မမ၀သုန်က ကာရန်ကဗျာကို တော်တော် ပိုင်တာပဲနော်။ ကျွန်တော်သတိထားကြည့်မိတယ်။ စကားလုံးအသုံးအနှုန်းကလည်း နူးညံ့တယ်။