Wednesday 15 February 2012

ရွာဦးဘုရားပွဲ



ရွာထိပ်ကဆူညံညံ
ဘာသံလဲမေး..
မေးပါနဲ့ဆို
ပျိုတို့လူအပြိုင်နွှဲစံမယ့်
နှဲသံတဲ့လေး…

ရွာနောက်ကဆူညံညံ
ဘာသံလဲမေး…
မေးပါနဲ့အေ
မေတို့မောင်လက်သံတိုးပြန်တဲ့
ဒိုးသံတဲ့လေး..

ရွာဦးရဲ့ထူးစေတီ
ဆီမီးညီထိန်ထိန်လင်းပါတဲ့
ဆောင်းလရာသီ …

မောင်တို့ညီ
ပွဲခါမှီဆင်နွှဲ
လက်ရည်ညီဗိုလ်မထပ်ပါတဲ့
ဒိုးပတ်ပြိုင်ပွဲ …



ပျိုးယုဝသုန်
11:28:17PM
15-02-2012
Wednesday (BNE)

9 comments:

Lps said...

ရွာဦးဘုရားပွဲလေး လည်ပတ်လျှောက်သွားခဲ့ပါတယ်။
မမ၀သုန်ရေ

ကျွန်တော့်ဆိုက်လေးလဲလာရောက်ဖို့ဖိတ်ခေါ်ပါတယ်နော်။
ခင်မင်လေးစားစွာဖြင့် (လွမ်း)

AH said...

တပေါင်းပွဲတော်လေးလာ မ၀သုန်...

ညီရဲ said...

ရွာက ဒိုးပတ်ပြိုင်ပွဲလေးကိုတောင် ပြန်လွမ်းသွားတယ်... ဘုရားပင့်ရင်လဲ ဒိုးပတ်ဝိုင်းလေးနဲ့ မှ... ရှင်ပြုနားသလဲ ဒိုးပတ်ဝိုင်းလေးနဲ့ မှ... ရေဆီမီး တစ်ထောင်မျှောတော့လဲ ဒိုးပတ်ဝိုင်းလေးနဲ့ မှ... ပဒေသာပင် လှည့်လဲ ဒိုးပတ်ဝိုင်းလေးနဲ့ မှ... ကဗျာလေး ဖတ်ပြီး ဒိုးပတ်သံလေးတွေကို ပြန်ကြားယောင်သွားမိတယ် အစ်မ...

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးက ကောင်းလိုက်တာ မ၀သုန်

San San Htun said...

မမပျိုးယု ကဗျာတွေ ဖတ်ရတိုင်း ငယ်ငယ်က အောက်ကျက်ခဲ့ရတဲ့ ကဗျာတွေကို သတိရတယ်

Anonymous said...

ဒါလေးဖတ်လိုက်ရတော့ ရခိုင်တောင်တန်း၊ ရွာလေးတစ်ရွာမှာ ရွာဦးစေတီတည်ခဲ့တာလေး ပြန်အောက့်မေ့မိသွားတယ်..မ၀သုန်ရေ...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

ကိုရင် said...

we ဆိုတဲ့ကဗျာကို စဖတ်မိတဲ့အချိန်ကနေ ဒီနေ့ အထိကဗျာတွေ ဖတ်လို့ ကောင်းဆဲပဲ ကျောဆရာမရေ

စကားမစပ်..၀ဒ် ဗယ်ရီဖီကေးရှင်းကြီး ဖြုတ်ပါလား ပိုးနှံကောင်ရေ..မန့်ရတာ ရှုပ်လို့ပါ :D

နေ၀သန် said...

ချစ်စရာ့ ကဗျာလေးပါလား...း)... ရေးလည်းရေးတတ်ပါ့...

ခင်မင်လျက်
နေ၀သန်

မဒမ်ကိုး said...

တခါတလေများ မမ၀သုန်ကို မြန်မာစာဆရာမလားမှတ်ရတယ်
ကဗျာလေးတွေကောင်းလွန်းလို့း)

ချစ်တဲ့

မဒိုးကန်