စောင်းကြိုးမဆင်
လေးကြိုးငင်တဲ့
နုညက်လက်ဝါး
ပွန်းရှသွားမှာ
ငါကားစိုးလှပါသည် အရှင်…
ညှို့ကိုအတင်း
ပစ်ခတ်ခြင်းတွင်
ထုံကျင်ကျန်ရစ်
မင့်ဒဏ်ဖြစ်မှာ
ငါကားစိုးလှပါသည် အရှင် …
မင်းပစ်တဲ့မြား
စူးစိုက်သွားခဲ့
ရင်ရဲ့ဒဏ်ရာ
သည်အနာကို
ညင်သာပိုက်ထွေး
ငါကြေအေးမယ်
လေးညှို့ရှင်မှ သိပါစေ ….
ပျိုးယုဝသုန်
9:39:07 PM
18-02-2012
Saturday (BNE)
9 comments:
ကဗျာလေးက ဖတ်လို့ ကောင်းလိုက်တာ မမဝသုန်ရေ
အင်း..
ပိုးနှံကောင်ကိုတောင် ထိသွားတယ် ဆိုပါလား..
အတော် လက်ဖြောင့်တဲ့လူနေမယ် :D
ကောင်းလိုက်တာ ကဗျာလေးက
အားကျမိပါရဲ့
ကဗျာကောင်းလေး ဖတ်သွားတယ်နော်
ခင်မင်လေးစားလျှက် (လွမ်း)
ဟက်ထိသွားတယ်.... ကောင်းလိုက်တဲ့ ကဗျာလေး....
လေးညှို့ရှင် ကိုမေးကြည့်အုံးမှ
ဘာဆေးများဆောင်ပြီးပစ်တာလဲလို့
အပြစ်မယူအောင်ပစ်တဲ့နည်းလေ
ကဗျာလေး ကောင်းလိုက်တာ...
ချစ်သူကို နာကျင်မှာစိုးရိမ်စိတ်နဲ့ ကဗျာလေးနူးညံ့လှပပါပေတယ်...။
ညင်သာနူးညံပြီး လှလိုက်တဲ့ ကဗျာလေး...
Post a Comment