Thursday 9 February 2012

နိုင်ငံခြားဘာသာစကား ၊ နိုင်ငံခြားသားနှင့် အားနာခြင်း


ဒီစာစုကလေးကိုရေးမယ်ရေးမယ်နဲ့ရေးပြန်တော့လည်းတော်တော်နဲ့အစမသတ်ဖြစ်ခဲ့ပါဘူး..ကျွန်မတို့မြန်မာလူမျိုးတွေရဲ့အားနာတတ်မှုနဲ့စိုးရိမ်ကြောင့်ကြကြီးမှုတို့ကြောင့်နိုင်ငံခြားသားတွေရဲ့နောက်ကောက်ကျနေသလိုဖြစ်နေတာကိုတွေ့ရတာအခါခါဖြစ်လာတော့မရေးမနေနိုင်ပဲမခံချင်စိတ်ကြောင့်ရေးဖြစ်ခဲ့တယ်..ရေးပြီးပြန်တော့လည်းသင့်လျော်၏မသင့်လျော်၏ဆိုတာကိုစဉ်းစားရင်းနဲ့ကြန့်ကြာနေပြန်တယ်..ဤစာစုကလေးကိုရေးခြင်းမှာမည်သူ့ကိုမျှဆရာလုပ်ချင်သည့်စိတ်မပါရှိပါဘူး..ရဲရင့်စေချင်သည့်စိတ်စေတနာသက်သက်ဖြင့်သာရေးဖြစ်ခဲ့ခြင်းဖြစ်ပါတယ်…


တစ်နေ့မှာဗိုလ်ချုပ်အောင်ဆန်းဈေးထဲကိုရောက်ခဲ့ပါတယ်..ပန်းချီကားများကိုကြည့်ရင်း..အနုလက်ရာများနှင့်လက်ဆောင်ပစ္စည်းတန်းဘက်ကိုရောက်တော့အရောင်းစာရေးကလေးမလေးတစ်ယောက်နဲ့နိုင်ငံခြားသားစုံတွဲတစ်တွဲမပြေမလည်ဖြစ်နေတာကိုတွေ့ရတယ်…ကလေးမလေးရဲ့မျက်နှာကငိုတော့မလိုကိုကြောက်လန့်နေတာကိုတွေ့ရတော့မနေနိုင်စွာပဲဝင်ရောက်စပ်စုမိခဲ့တယ်…


ပြဿနာရဲ့အစကတော့ငွေထည်ကိုဖောင်းကြွလုပ်ထားတဲ့ပန်းချီကားတစ်ချပ်ပါပဲ…လက်ရာကလည်းအင်မတန်မှသေသပ်လှပါတယ်..ဒီပန်ချီကားလေးကိုနိုင်ငံခြားသားစုံတွဲကနှစ်ခြိုက်ကြတယ်…နောက်တော့ဈေးဆစ်တာပေါ့…နိုင်ငံခြားသားတို့ရဲ့ထုံးစံအတိုင်းရှင်းရှင်းလင်းလင်းမဆစ်ပဲဝေ့၀ိုက်ပြောတာကိုအရောင်းစားရေးမလေးကလိပ်ပတ်လည်အောင်နားမလည်းဘူး…ဒီလိုသူနားမလည်တာကိုပြန်မမေးပဲ Yes, OK, All rightဆိုတဲ့စကားကိုပြုံးချိုစွာနဲ့ ပြန်လည်ပြောဆိုနေတော့နိုင်ငံခြားသားစုံတွဲကလည်းဝမ်းသာအားရယူမယ်ဆိုပြီပစ္စည်းကိုထုတ်ပိုးခိုင်းတာခဲ့တယ်…အဲဒိနောက်ငွေရပြေစာပေးတဲ့အခါမှာပြဿနာကစတာပါ..ကောင်မလေးရေးပေးတဲ့ပြေစာဖြတ်ပိုင်းမှာရေးထားတဲ့ကျသင့်ဈေးနှုန်းနဲ့အနှီစုံတွဲပေးချေတဲ့ငွေဟာအတော်ကလေးကွာဟနေပါတယ်..ကောင်မလေးကလည်းငွေမပြည့်လို့ပြော..အနှီစုံတွဲကလည်းပြန်ပြော..(အများအားဖြင့်ထိုစုံတွဲကပြောနေတာများပြီးအရောင်းစားရေးမလေးက No နဲ့ Sorry  ကိုထည်လဲပြောနေတာသာများတာပါ)….အဲဒီအချိန်မှာသူတို့အနားကို ရောက်သွားခဲ့တယ်..


အကြောင်းစုံကိုမေးကြည့်တော့မှထိုစုံတွဲက၃၀ရာခိုင်နှုန်းလျော့ခိုင်းတာကိုသိရတယ်..တော်တော်ရက်ရက်စက်စက်ကိုလျော့ခိုင်းတာပါပဲ…ငွေချေတဲ့အခါမှာမပြေလည်တော့အနှီစုံတွဲကမန်နေဂျာကိုတွေ့ချင်တယ်..ပိုင်ရှင်နဲ့ပြောမယ်ဆိုပြီးဖြစ်လာပါတယ်…ဒီအခါမှာကလေးမကလည်းအလုပ်ပြုတ်မှာကြောက်တဲ့စိတ်..နိုင်ငံခြားသားနဲ့မှပြဿနာဖြစ်ရတယ်ဆိုတဲ့ထိတ်လန့်ခြင်းတွေနဲ့တော်တော်ကိုအဆင်မပြေဖြစ်နေပါတယ်..ဒီတော့ကလေးမကိုအများဆုံးဘယ်လောက်အထိလျော့နိုင်လဲလို့မေးကြည့်တော့၁၅ရာခိုင်နှုန်းအထိပဲလျော့ခွင့်ရှိပါသတဲ့..ဒါနဲ့ပဲကြားကနေဘာသာပြန်အလုပ်ကိုအခမဲ့ဝင်လုပ်ဖြစ်ပါတယ်..ထိုနိုင်ငံခြားသားစုံတွဲကိုအများဆုံး၁၅ရာခိုင်နှုန်းသာလျော့နိုင်မှာဖြစ်ကြောင်း…သူမကသေသေချာချာမရှင်းလို့မင်းတို့ပြောတဲ့၃၀ရာခိုင်နှုန်းကို၁၃ရာခိုင်နှုန်းကြားပြီးမင်းတို့ပြောတဲ့အတိုင်းလျော့ပေးတာဖြစ်ကြောင်းဝင်ပြောတော့မကျေမနပ်နဲ့မ၀ယ်ပဲထွက်သွားကြတယ်…


နိုင်ငံခြားသားဆိုတာတကယ်တော့ကိုယ့်အိမ်ကိုလာလည်တဲ့ဧည့်သည်သာဖြစ်ပါတယ်..အထူးသဖြင့်နိုင်ငံလှည့်ခရီးသည်တွေပေါ့…အိမ်ရှင်ဖြစ်တဲ့ကျွန်မတို့တတွေဟာဧည့်သည်အပေါ်ကိုဧည့်ဝတ်ကျေရမှာသာဖြစ်ပြီးကြောက်လန့်အားနာနေဖို့မလိုအပ်ပါဘူး…ကိုယ်လုပ်ပေးနိုင်တာကူညီနိုင်တာကိုကူညီပြီးမတတ်နိုင်တဲ့အရာကိုရှင်းရှင်းလင်းလင်ရဲရဲဝံ့ဝံ့ငြင်းဆိုရဲရပါမယ်..နိုင်ငံခြားသားဆိုတာအခွင့်ထူးခံလူတန်းစားတွေမဟုတ်ပါဘူး…မိမိတို့ဘက်ကနိုင်ငံခြားဘာသာစကားဆိုတာများများတတ်ထားတယ်ဆိုရင်ကောင်းပါတယ်…တကယ်လို့မတတ်ရင်ကော…နိုင်ငံရပ်ခြားမှာသွားရောက်အလုပ်လုပ်ကိုင်မည့်သူ..ပညာသွားသင်မည့်သူမဟုတ်ပဲမိမိနိုင်ငံအတွင်းမှာနေထိုင်ပြီးလုပ်ကိုင်စားသောက်မယ်ဆိုလျင်နိုင်ငံခြားဘာသာစကားတတ်ခြင်းမတတ်ခြင်းဟာအဓိကကျတဲ့ပြဿနာမဟုတ်ပါဘူး….မိမိတို့နိုင်ငံကိုလာလည်တဲ့ဧည့်သည်ဟာအိမ်ရှင်နိုင်ငံရဲ့ဘာသာစကားကိုလေ့လာထားရမှာဖြစ်ပါတယ်…


ကျွန်မတို့နိုင်ငံရပ်ခြားမှာသွားရောက်ပညာသင်ကြတဲ့အခါ..အလုပ်အကိုင်ကိုလုပ်ကိုင်ကြတဲ့အခါမှာကျွန်မတို့ကိုမည်သည့်အိမ်ရှင်နိုင်ငံသားကမှကျွန်မတို့ဟာနိုင်ငံခြားသားဖြစ်တဲ့အတွက်ကြောင့်ဆိုပြီးအခွင့်အရေးပိုမပေးခဲ့ပါဘူး..ကျွန်မတို့ကလည်းဘာအခွင့်အရေးကိုမှပိုမရခဲ့ပါဘူး…အခွင့်အရေးရတာနဲ့ဖိနှိပ်ဖို့လောက်ပဲစဉ်းစားကြတဲ့သူတွေရဲ့ဖိနှိပ်ခြင်းမခံရဖို့ကိုသာကိုယ့်ကိုယ်ကိုယ်ကာကွယ်ခဲ့ကြရပါတယ်…ဒါတောင်မှတခါတရံမှာကျွန်မတို့လိုက်မမီတဲ့ခေတ်ပေါ်ဘာသာစားတွေကြောင့်ကျွန်မတို့မှာအခက်အခဲကလေးတွေကိုရင်ဆိုင်ကြရပါသေးတယ်…ကျွန်မတို့ဟာသူတို့ရဲ့လုပ်ငန်းသုံးဘာသာစကားကိုသူတို့နဲ့တန်တူနီးပါးပြောဆိုရေးသားနိုင်ပြီးရင်ပေါင်တန်းအလုပ်လုပ်နေတာတောင်မှသူတို့ဟာကျွန်မတို့ကိုနိုင်ငံခြားသားဆိုတဲ့အမြင်နဲ့နှိမ်ချဆက်ဆံချင်ပါတယ်…


ကျွန်မတို့မြန်မာလူမျိုးတွေကတော့သူတို့နဲ့ဆန့်ကျင်ဘက်ပါပဲ..နိုင်ငံခြားဘာသာစကားကိုပြောတဲ့နိုင်ငံခြားသားတစ်ယောက်ကိုတွေ့တာနဲ့အကြောင်းရင်းရှာလို့မရပဲအထင်ကြီးမိကြတာကအရင်ပါ…ပြီးတော့ကူညီမယ်ဆိုတာကနောက်ကပါလာပါတယ်.…ကျွန်မတို့မြန်မာလူမျိုးတွေဖော်ရွေတာအားနာတတ်တာဟာနိုင်ငံခြားသားတွေအတွက်သည်းခြေကြိုက်ဖြစ်နေခဲ့ပါတယ်…အနှီနိုင်ငံခြားသားတစ်ယောက်မြန်မာစကားကိုမတောက်တခေါက်ပြောတတ်တယ်ဆိုရင်ကိုအင်မတန်မှနှစ်သက်သဘောကျကြပြီးပိုမိုချစ်ခင်နေကြပါတယ်….မိမိတို့ဘာသာစကားကိုပြောဆိုတာမို့ကျေနပ်သဘောကျတယ်ဆိုတာသဘာဝကျပေမယ့်ဒီလိုပြောဆိုတတ်တာတွေဟာတကယ်တော့မထူးဆန်းပါဘူး…ဧည့်သည်ကိုဧည့်ဝတ်ကျေတာဟာမင်္ဂလာတစ်ပါးဖြစ်ပေမယ့်မိမိတို့နိုင်ငံသားအချင်းချင်းဖိနှိမ်..နှိပ်ကွပ်ပြီးနိုင်ငံခြားသားတွေကိုအထင်တကြီးနဲ့ဧည့်ဝတ်လွန်တာကတော့မင်္ဂလာတစ်ပါးမဟုတ်ပါဘူး…


ကျွန်မတို့ကိုယ်တိုင်လည်းနိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်အောင်ကမ္ဘာသုံးဘာသာစကားတွေကိုတတ်ထားမယ်ဆိုလျင်တော့အတိုင်းထက်အလွန်ပါပဲ…ဒီလိုသင်ကြားတတ်မြောက်ခြင်းဟာသူတစ်ပါမိမိတို့အပေါ်ဘာသာစကားအရဖိနှိပ်လို့မရအောင်သာဖြစ်စေရပါမယ်…ကျွန်မတို့ကအောက်ကျို့အနစ်နာခံဖို့မဟုတ်ပါဘူး…


အနှစ်ချုပ်ပြီးပြောရမယ်ဆိုလျှင်တော့ဧည့်သည်ကိုဧည့်သည်နေရာမှာထားပြီးဧည့်သည်လိုပြောဆိုဆက်ဆံတာဟာအကောင်းဆုံးပါ…ကမ္ဘာသုံးဘာသာစကားဟာသူတို့ရဲ့မိခင်ဘာသာစကားဖြစ်နေတာကြောင့်သူတို့ပြောတတ်ဆိုတတ်တာကိုအထင်ကြီးဖို့မလိုအပ်ပါဘူး…ဧည့်သည်ကအိမ်ရှင်ကိုစော်ကားခြင်း..လေးစားခြင်းဆိုတာဟာအိမ်ရှင်ရဲ့အပြုအမူအပြောအဆိုပေါ်မှာမူတည်ပါတယ်…ဒါကြောင့်ကျွန်မတို့တစ်တွေဟာဧည့်သည်တွေရဲ့အထင်သေးရှုံ့ချခြင်းမခံရအောင်စည်းနှင့်ကမ်းနှင့်နေထိုင်ပြောဆိုဆက်ဆံကြရမှာဖြစ်ပါတယ်..



ပျိုးယုဝသုန်
12:29:21PM
09-02-2012
Thursday (BNE)

13 comments:

မဒမ်ကိုး said...

ကြောက်ကြတာလဲပါတာပေါ့လေ အတွေးအမြင်တွေမှ မဖွံဖြိုးကြသေးတာ ဒါတောင် ခုနောက်ပိုင်းကလေးတွေတော်တော်သွက်လာလို့တော်သေးတယ် ..
အားပေးသွားတယ်မမ၀သုန်ရေး))

ချစ်တဲ့

မဒိုးကန်

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဟုတ်တယ် ကိုးကိုးရေ...အားမရလို့ပါ ...

စံပယ်ချို said...

ဘာသာစကားတွေအများကြီးတတ်ချင်တယ်
၅မျိုးလောက်တတ်ရင်တော်ပါပြီ
ကွမ်းစားသေးလား
ချစ်တဲ့ jasmine

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ခိခိ..ကွမ်းမစားတော့တာအဲတခါစားပြီကတည်းကပဲဂျက်ဂျက် ရေ..မနေ့ကမနေနိုင်မထိုင်နိုင်ကွမ်းသီးစိပ်လေးဝါးမိတာတောင်တော်တော်ခံလိုက်ရသေး...ဒီတသက်ကွမ်းနဲ့မဖြစ်တော့ဘူးထင်ပါရဲ့..

ချစ်တဲ့
ဝသုန်

Cameron said...

အမယ် အမယ် သူတို့က စကားလက်ဆုံကျနေပါရောလား...။ ဟုတ်တယ် မမ၀သုန်ရေ....အားနာခြင်းဆိုတာ သူတို့မှာတောင်မရှိတာ....ဧည့်သည်ကို ဧည့်သည်လိုဆက်ဆံတာ အကောင်းဆုံး..။ နာ့သယ်ရင်းရဲ့ speaking ကိုတော့ ယုံကြည်တယ်...။

Latt Latt said...

ဘာသာစကား ချက်ခြင်းတတ်ချင်တဲ့စိတ်ပေါ်လာတယ်

Anonymous said...

ဗမာပြည်မှ ညစာ

ဘာ ဘာ ဘာမှမသိဘူး :)
ဘာ ဘာ ဘာမှ အပြောဘူး :)
ဟုတ် ၊ ရက်စ် ၊ ya, yes
အင်း.. ဒီနေ့ ထမင်းဖိုးရပြီ ။ ။ (z++)

Lps said...

ဖတ်ခဲ့တယ်ဗျ

ညီရဲ said...

ဟုတ်တယ် အစ်မရေ... ဒီဘက်ခောတ်မှာ လူဖြူတွေကိုမှ သိပ်အထင်ကြီးကြတာ... ဘဝအဆက်ဆက် လူဖြူဖြစ်ရပါလို၏ လို့ တောင် ဆုတောင်းရမလို ဖြစ်နေပြီ... ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ထုံးဖြူသုတ်ထားရမလိုဘဲ... တကယ်က ဘာမှ ကြောက်စရာ မလိုပါဘူးလေ...

San San Htun said...

ယိုးဒယားမှာလို Calculator မှာ ဈေးရေးပြီး ရောင်းမယ်ဆိုရင် အဆင်ပြေမလားလို့ ...

ပျိုးယုဝသုန် (Pyo Yu Wathone) said...

တို့မြန်မာတွေဟန်များတာသိရဲ့သားနဲ့စန်းထွန်းရယ်.. ဟိဟိ

ဘိုဖြူ said...

ကျွန်တော်လဲတတ်ချင်ပါတယ် ဘာသာစကားတွေ
၃-၄ မျိုးလောက်ကို

Étoile said...

ဟုတ်တယ် မဝသုန်
ဒီ နိုင်ငံခြားသားတွေက မလွယ်ဘူး .. အဓိကက tourist တွေပဲ ဒီမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေကတော့ အများအားဖြင့် ကောင်းကြပါတယ်...
တွေ့ဖူးတဲ့လူတွေကို ပြောတာနော့်..
ဆွိက အခု humanitarian မှာလုပ်နေလို့ ဒီလိုမြင်တာဖြစ်ချင်ဖြစ်မှာပါ... Business world က နိုင်ငံခြားသားတွေကတော့ မကောင်းဘူးလို့ ကြားဖူးတယ်...
ဘာပဲဖြစ်ဖြစ် ဒီပိုစ့်လေးကို ကြိုက်တယ် ..
ဧည့်ဝတ်ကျေတာကို အခွင့်ကောင်းယူတာ မကောင်းဘူးဆိုတာတော့ ထောက်ခံတယ်... သူတို့ကိုလည်း ကြောက်နေဖို့မလိုပါဘူး.. သူလည်းလူပဲ ကိုယ်လည်လူပဲနော့်...