Tuesday 7 February 2012

စိတ်ကူးမနက်ခင်း



မနက်လင်းလျင်..တွေ့မြင်ချင်
စိတ်မှာပုံလွှာထင်…

နေ့စဉ်ရက်ခြား…ကြားနေသား
သူ့ရဲ့အသံလေးများ …

ဝေးဝေးပေမို့…နေမပျော်
ချစ်သူ..ကိုယ့်ကိုခေါ် ..

နဘေးထိုင်ကာ…သံစဉ်တေး
နားဆင်ချင်ပါသေး…

နေခြည်နွေးတဲ့ .. မနက်မှာ
ချစ်သူကိုယ့်ဆီလာ…

ယူခဲ့ပါကွယ် စံပယ်ခြင်း
မွှေးပျံ့ကြိုင်လှိုင်သင်း …
ချစ်သူ့မနက်ခင်း….


ပျိုးယုဝသုန်
02:05:23PM
07-02-2012
Tuesday (BNE)

6 comments:

ညီရဲ said...

လှပတဲ့ မနက်ခင်းနဲ့ ချစ်စရာ့ ကဗျာလေးပါ အစ်မ...

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ကျေးဇူးပါညီရဲရေ ..

Cameron said...

ကဗျာလေးသိပ်လှနေပါ့လား....ဆရာမအတိုင်းပဲ...း)

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာလှလှလေးကို ညနေစောင်းလေးမှာ လာဖတ်သွားတယ်။

ခင်တဲ့
မြတ်

:)

ကဗျာဆရာ said...

ကဗျာခေါင်းစဉ်ကို ချစ်သူမနက်ခင်း ဆိုရင် ပိုကောင်းမလား...လို့ စိတ်ကူးကြည့်မိတယ်။

မိုးသူ(တောင်ကြီး) said...

စိတ်ူးမနက်ခင်းလေး က လှပလို့ နေပါတယ်