မိုးတစ်ည
စိုးရပါတဲ့ဒီအပူ
တံခါးကိုဘယ်သူခေါက်တယ်
ကြောက်စိတ်ရယ်ဆူ….
ဖေးဘယ်သူ
ကူပါ့မယ်မျှော်ဆဲ
ရောက်မလာကြောက်တာကဲတယ်
လန့်ထိတ်ရင်ထဲ …
အံခဲလို့မာန်ကိုချီ
ကိုယ့်အားသည် ကိုယ်ပင်ဖြစ်တယ်
ညစ်စိတ်ပယ်မည်..
လှမ်းလာပြီ
ဖွင့်ပါသည်ဤတံခါး
တစ်ပါးသူ ဘယ်သူရှိပါဘူး
ထူးလိုက်တာများ …
ပျိုးယုဝသုန်
9:45:10PM
04-02-2012
Saturday (BNE)
6 comments:
အရမ်းကောင်းတဲ့ ကဗျာပဲ
အဲလိရေးတတ်ချင်လိုက်တာလို့ အားကျစိတ်ဖြစ်ရအောင်ကို နှစ်သက်မိတယ်။
ကာရံတွေ.. ချိတ်ဆက် ညီတာကို အရမ်းသဘောကျတယ်။
ခင်တဲ့
မြန်
ကဗျာလေးက ကောင်းလိုက်တာ မမပျိုးယုရေ
ရေးထားတာလေး ကောင်းလိုက်တာ... ကာရံလေးတွေ ချိတ်ဆက်ပုံလှပြီး ဖတ်လို့ ကောင်းအိ...
တံခါးခေါက်တာသစ်ကိုင်းလေ....
သစ်ပင်ကိုလေတိုးတော့
မကျိုးနိုင်သည်သစ်ကိုင်းရယ်က
လေအလွင့်မှာ.......ဒေါက်......ဒေါက်....ဒေါက်....လို့ခေါက်သတဲ့
ခေါင်းအုံး ဖက်ပြီး ဖက်ရတယ်... ကြောက်လို့.. ကလူ ကလူ ကလူ... :) နောက်တာပါ.. ကဗျာလေး အရမ်းကောင်းတယ်
Post a Comment