Friday, 3 February 2012

ရင်ငြိမ်းပန်း



နှင်းဆီတစ်ခင်း
ပန်းတစ်ခင်း
ချစ်ခြင်း..ရင်ခုန်ခြင်း …

ထုံထုံသင်းတဲ့
စံပယ်ဖြူ
ရနံ့မွှေးကြူကြူ

ပွင့်ချင်းတူညီ
စီကာတွဲ
ချစ်သူ့ပန်းလည်ဆွဲ …

ရောင်ချယ်ရောယှက်
အလှပြိုင်
တုယှဉ်နှိုင်း..မနိုင်….

ပြုံးမြကြည်လင်
ရင်မှာအေး
ချစ်သူမျက်နှာလေး ….


ပျိုးယုဝသုန်
01:35:50PM
03-02-2012
Friday (BNE)

5 comments:

မဒမ်ကိုး said...

ရင်မှာအေးတဲ့ ချစ်သူ့မျက်နှာလေးဆို
အကြင်နာသာပေးလိုက်တော့ဗျာ နော်မမ၀သုန်း)

မိုးငွေ့...... said...

ချိုလိုက်တဲ့ ကဗျာလေး......

ပျိုးယုဝသုန် said...

မွမွ ပေါ့ဗျာ .. ဟိဟိ

jasmine(တောင်ကြီး) said...

ကဗျာလေး ကောင်းလိုက်တာ

san htun said...

ကဗျာလေးက တကယ် ရင်ငြိမ်းစေတယ်