Thursday 2 February 2012

ပျောက်နေသောချစ်သူ





မနက်လင်းလာ
သူ့ကိုသာပဲ
အမြဲတွေးမိ
စိတ်မှာရှိတယ်...

နေ့လည်မှာလည်း
စိတ်ထဲသူနေ
ဘယ်တွေသွားလဲ
အတွေးပွားတယ်..

ညနေခင်းခါ
ဘယ်မှာရှိမလဲ
အတွေးထဲစိတ်စော
ရင်မောရတယ်...

ညချမ်းချိန်မှာ
ရောက်မလာမှ
မျှော်ဆဲမောရ
စိတ်ဆိုးရသည်
ချစ်သူဘယ်များရောက်နေသည်..


ပျိုးယုဝသုန်
7:45:29 PM
02-02-2012
Thursday (BNE)

4 comments:

Cameron said...

အလည်လွန်နေတဲ့ချစ်သူ ပြန်ရောက်ရင် ဒဏ်ပေးပစ်....။

SOE HTET said...

တအားနဲ့ မလုပ်လိုက်ပါနဲ့.. (စိုးလွင်လွင်သီချင်း) :P

ညီရဲ said...

ကဗျာလေး ဖတ်လို့ ကောင်းလိုက်တာ...

San San Htun said...

မနေ့ ကပဲ ခင်ခင်ထူးရဲ့  ပန်းကြာဝတ်မှုန် ဖတ်ပြီးတယ်..ဝထ္ထုထဲက ဆရာမကြည်အေး ကဗျာတွေက ၄လုံးစပ်ကဗျာတွေ..ကြိုက်လို့  ကူးတောင် ယူထားတယ်..မမဝသုန်ကဗျာတွေကလည်း ၄လုံးစပ်၊ ကဗျာရွှတ်လို့  သိပ်ကောင်းတယ်..