ပိုးနှံကောင်ပုံပြင်
ပိုးနှံကောင် ပိုးနှံကောင်
ချောင်ထဲခိုလို့အိပ်ဟန်ဆောင်
ပုရွက်မောင်အကောင်သေး
ထမ်းပိုးသယ်ရေး ..၀န်မလေး..
အစာစုရေးသူပူပင်
မိုးလေ၀သတွက်ချိန်တွင်
သူငယ်ချင်းကိုအသိပေး
နှံကောင်ပျင်းလို့အိပ်မယ်တွေး …
မိုးပြင်းလေပြင်းတိုက်သောခါ
စားရာမဲ့တဲ့နှံကောင်ပါ
နောက်ကျခါမှာဆင်ခြင်တွေး
အစာရှာဖို့ခက်ပြီလေး …
မောင်လေးညီမသည်ပုံပြင်
မှတ်သားပါလို့စိတ်မှာထင်
ကြိုတင်ကာပင်ပြင်ဆင်ထား
အောင်မြင်မှုရဲ့ပန်းတိုင်များ
ရစေ နီးစေသား….
ပျိုးယုဝသုန်
8:02:25PM
31-01-2012
Tuesday(BNE)
5 comments:
မှတ်သားစရာကောင်းတဲ့ ကဗျာလေးပါ
ငယ်ငယ်တုန်းက အောက်ကျက်ခဲ့ရတာ သတိရသွားတယ်..
ငယ်တုန်းက ကဗျာလေးတွေကို လွမ်းမိတယ်....။
ပြန်မရနိုင်တော့တဲ့ငယ်စဉ်ကလေးဘဝက
ကဗျာလေးတွေကိုသတိတရဖြစ်မိတယ် ဝသုန်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကလေးကဗျာတွေကို လူကြီး လာဖတ်တယ် ပိုးနှံကောင်ရေ :D
Post a Comment