Tuesday 31 January 2012

ကလေးကဗျာများ(၂၁) - ပိုးနှံကောင် ပုံပြင်

ပိုးနှံကောင်ပုံပြင်



ပိုးနှံကောင် ပိုးနှံကောင်
ချောင်ထဲခိုလို့အိပ်ဟန်ဆောင်
ပုရွက်မောင်အကောင်သေး
ထမ်းပိုးသယ်ရေး ..၀န်မလေး..

အစာစုရေးသူပူပင်
မိုးလေ၀သတွက်ချိန်တွင်
သူငယ်ချင်းကိုအသိပေး
နှံကောင်ပျင်းလို့အိပ်မယ်တွေး …

မိုးပြင်းလေပြင်းတိုက်သောခါ
စားရာမဲ့တဲ့နှံကောင်ပါ
နောက်ကျခါမှာဆင်ခြင်တွေး
အစာရှာဖို့ခက်ပြီလေး …

မောင်လေးညီမသည်ပုံပြင်
မှတ်သားပါလို့စိတ်မှာထင်
ကြိုတင်ကာပင်ပြင်ဆင်ထား
အောင်မြင်မှုရဲ့ပန်းတိုင်များ
ရစေ နီးစေသား….



ပျိုးယုဝသုန်
8:02:25PM
31-01-2012
Tuesday(BNE)

5 comments:

ဘိုဖြူ said...

မှတ်သားစရာကောင်းတဲ့ ကဗျာလေးပါ

San San Htun said...

ငယ်ငယ်တုန်းက အောက်ကျက်ခဲ့ရတာ သတိရသွားတယ်..

Cameron said...

ငယ်တုန်းက ကဗျာလေးတွေကို လွမ်းမိတယ်....။

mstint said...

ပြန်မရနိုင်တော့တဲ့ငယ်စဉ်ကလေးဘဝက
ကဗျာလေးတွေကိုသတိတရဖြစ်မိတယ် ဝသုန်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုရင် said...

ကလေးကဗျာတွေကို လူကြီး လာဖတ်တယ် ပိုးနှံကောင်ရေ :D