Wednesday 11 January 2012

မွန်းကြပ်မှုမှာနစ်ခဲ့သူ






တကယ်တော့သူဟာ
ဘုရင်မတစ်ယောက်ပါ ….
အ၇ှင်သခင်မရှိ
ကြင်ယာတော်ကို မသိ
အဆွေတော်တွေသာရှိခဲ့တယ် ..
တိုင်းရေးပြည်ရေး
ဘဏ္ဍာရေးကိုရှေးရှု
သတိပြုဖို့ မေ့နေ
ကြင်ယာတော်ရဲ့ အခြေအနေ …
စစ်ရေးစစ်မက်အတွက်
တက်တက်ကြွကြွပြင်ဆင်
စိးချင်းများပင်နိုင်လေခဲ့
ဘုရင်မရဲ့တစ်သက်
အခက်အခဲ တွေလည်းတွေ့ခဲ့တယ် ..
အချိန်အခါသင့်လို့
ကြင်ယာရှိဖို့တောင်းဆို
အေးရိပ်ညိုခိုချင်ရဲ့ …
ေ၇ွးခဲ့တဲ့ ကြင်ယာ
ဘဝမှာ မနည်းပါဘူး
ဦးဆောင်နိုင်ခြင်း ပြည့်သူကို ..
လိုချင်တာက အရှင်သခင်
ဖြစ်ချင်နေတာက မိဖုရား
လားလားမှမဆိုင်တဲ့အဖြစ်
ဘုရင်မ မှာဖြစ်ခဲ့တယ် 
အရှင်သခင်ကိုရနိုးနဲ့
မျှော်ကိုးခဲ့တဲ့အချိန်တွေ
တရွေ့ရွေ့သာဖြတ်သန်း
လျောက်လမ်းတွေကရှည်ခဲ့ပြီ ..
ဘုရင်မလေ
စိတ်ဓါတ်ကိုမချပါဘူး
တိုင်းရေးပြည်ရာ
ငါ့ဝန်တာငါ့အရေး၇ယ်လို့
စိတ်အားကိုဖန်ဖန်မွေးရင်း
အရိပ်ပေးဖို့ ပဲကြိုးစားတယ် ….

ပျိုးယုဝသုန်
( BNE )

No comments: