Wednesday 11 January 2012

ကိုယ်အလေးချိန်လျော့ချင်သူများအတွက် အပိုင်း(၂)

အပိုင်း(၁)မှာဖော်ပြထားသလိုပထမအပတ်မှာပထမအဆင့်ကိုကျင့်သားရလာပြီဆိုရင်ဒုတိယအဆင့်ကိုသွားလို့ရပါပြီ…ဒုတိယအဆင့်မှာတော့ကိုယ်လက်လှုပ်ရှားမှုလေးအနည်းငယ်ပါလာပါတယ်..ဒါပေမယ့်လည်းပြင်းပြင်းထန်ထန်မဟုတ်သလိုအချိန်လည်းသတ်သတ်ပေးစရာမလိုတဲ့အတွက်အခက်အခဲရှိမှာမဟုတ်ဘူးလို့ယူဆရပါတယ်..

ကဲဒုတိယနည်းလမ်းကလေးစကြည့်ရအောင်..

၁။         မနက်စာကိုတော့ပုံမှန်အတိုင်ပဲစားပါမယ်..မနက်စာမစားခင်မှာလမ်းကိုမ၁၅မိနစ်၊
မိနှစ်၂၀လောက်လျောက်ကြမယ်..အနည်းငယ်ပေါ့ပါးလာတာနဲ့အမျှအဆီအနှစ်
စာချင်တဲ့ဆန္ဒဟာတဖြည်းဖြည်းလျော့နည်းလာပါတယ်..ဒါကြောင့်မုန့်ဟင်းခါးအ
စားအခြားအမျှင်ဓါတ်များတဲ့အစားအစာနဲ့အဆီအနှစ်နည်းတဲ့အစားအစာကို
ပြောင်းလဲစားသုံးကြရအောင်…

၂။         နေ့လည်မှာတော့အသီးအရွက်အသုတ်ဒါမှမဟုတ်အသီးအရွက်ကြော်ဒါမှမဟုတ်အ
သီးအရွက်ပြုတ်တစ်ပွဲကတော့ပါသင့်ပါတယ်..ထမင်းပုံမှန်တစ်ပန်ကန်နေရာမှာ
လေးပုံတစ်ပုံကိုလျော့လိုက်ပါမယ်…ဒီအတွက်မတင်းတိမ်နိုင်သူတွေအနေနဲ့အရွက်
အသီးအပြုတ်(သို့)အစိမ်းကိုပိုစားနိုင်ပါတယ်..အရည်သောက်ပါမှထမင်းစားတတ်
သူတွေအတွက်ကတော့ဗူးသီး၊ချဉ်ပေါင်၊ဂေါ်ဖီစတာကိုဟင်းချိုရည်အဖြစ်ထည့်
သွင်းစားသုံး လို့ရပါတယ်..ဟင်းအနေနဲ့ကတော့အသား(သို့)ငါးကို ခပ်ရွယ်ရွယ်
တစ်တုံး (၄၀ ဂရမ်ထက်မပိုတဲ့)ဆိုလျင်လုံလောက်ပါတယ်..အဆီအနှစ်ကတော့
ပထမအပတ်မှာရှောင်လက်စရှိလာတာမို့အခက်အခဲကတော့ရှိတော့မယ်မထင်ပါ
ဘူး..

၃။         ညနေပိုင်းအစားအသောက်စားတတ်တာကိုလည်းတတ်နိုင်သလောက်လျော့ချ
         ကြည့်ရအောင်..သရေစာစားခြင်းကိုလျော့ချပြီးညနေစာကိုစောစောစားကြည့်ကြ
         မယ်..

၎။         ညနေစာကိုတော့ပထမအပတ်အတိုင်းအသား၊ငါးနှင့်ထမင်းကိုမစားတော့ဘူး..အ
သီးအရွက်အသုတ်အမျိုးမျိုးကိုရေနွေကြမ်းနဲ့စားကြမယ်..စားတဲ့အခါမှာလည်း
အချိုပန်းကန်ပြားတစ်ပြားစားဟာညနေစာအတွက်လုံလောက်တဲ့အာဟာရဖြစ်ပါ
တယ်..

ညနေစာစားပြီးတဲ့နောက်ပိုင်းမှာအိမ်ထဲမှာဖြစ်စေ...လမ်းမှာဖြစ်စေမိနစ်၂၀ကနေနာရီဝက်အထိမိတ်ဆွေသူငယ်ချင်းနဲ့စကားပြောရင်းဖြစ်စေ..မိမိတစ်ယောက်တည်းဖြစ်စေလမ်းလျောက်ပေးရပါမယ်..ညပိုင်းနဲ့ညနက်ပိုင်းတွေမှာအစားစားတာကိုတော့ပြင်းပြင်းထန်ထန်ရှောင်သင့်ပါတယ်..အစာအိမ်ရောဂါသမားများအတွက်ကတော့အစာကြေလွယ်တဲ့Biscuit တစ်ချပ် နှစ်ချပ်ကိုစားနိုင်ပါတယ်…

FizzyDrinkလို့အများသိကြတဲ့အသင့်ဖျော်စပ်ထားတဲ့အချိုရည်တွေဟာကိုယ်အလေးချိန်တက်စေမှုကိုအားပေးပါတယ်..အချိုရည်သောက်တတ်သူများအဖို့ကတော့လတ်လတ်ဆတ်ဆတ်ရှိတဲ့သစ်သီးတမျိုးမျိုးကိုအရည်ညှစ်ပြီးသောက်သုံးခြင်းဟာဘေးဥပဒ်ကင်းစေပါတယ်..ကိုကာကိုလာအစရှိတဲ့သံဗူးအချိုရည်များနဲ့ပုလင်းအချိုရည်များဟာကိုယ်အလေးချိန်လျော့ချဖို့ကြိုးစားနေသူတွေအတွက်ရှောင်သင့်တဲ့အချိုရည်များဖြစ်ပါတယ်…

မူမမှန်တဲ့အိပ်စက်ခြင်းတွေဟာကိုယ်ခန္ဓာရဲ့ဇီဝဖြစ်စဉ်တွေကိုပြောင်းလဲစေပါတယ်..ဒါကြောင့်ကိုယ်အလေးချိန်လျော့ကျဖို့ကြိုးစားနေသူတစ်ယောက်ဟာအချိန်မှန်အိပ်စက်ဖို့လည်းလိုအပ်ပါတယ်..

အပိုင်း(၁)နဲ့အပိုင်း(၂)ဟာလိုက်နာဖို့ခက်ခဲတဲ့အခြေအနေတစ်ခုမှာမရှိသလိုအင်မတန်လွယ်ကူပြီးထိရောက်ပါတယ်..ဒီနှစ်ပတ်အတွင်းမှာဖော်ပြထားတဲ့အတိုင်လိုက်ပြီးနေထိုင်စားသောက်နိုင်မယ်ဆိုလျှင်သင်ဟာ၁၄ရက်အတွင်းမှာ၅ပေါင်ကနေ၇ပေါင်အထက်ကိုယ်အလေးချိန်လျော့ကျလာမှာဖြစ်ပါတယ်..

တတိယအပိုင်းကိုတော့နောက်တစ်နေ့မှာဆက်ပြီးတင်ပေးပါ့မယ်..

2 comments:

မြတ်ပန်းနွယ် (Myat Pan Nwe) said...

မြတ်က ကိုယ်အလေးချိန် လျော့ချဖို့ စိတ်ဝင်စားနေသူပါ။
ကျေးဇူး ညီမလေး။

...အလင်းစက်များ said...

လမ်းကို ပြင်းပြင်းလေး လျောက်ပေးပါ။ ချွေးများများ ထွက်လေ အင်နာဂျီများများ သုံးရလေပဲမို့  တကယ်ကို ၀ိတ်ကျပါတယ်။ ညနေပိုင်း အချိန်ရတိုင်း ၁ နာရီခန့် ကို ဟောဟဲ မြည်အောင် လျောက်ကြည့်ပါ။ ၂ ပတ်အတွင်း သိသိသာသာ ၀ိတ်ကျပါတယ်။ အစားအသောက်များကတော့ မမ၀သုန်ပြောတဲ့ အတိုင်းပါပဲ။