Thursday 5 January 2012

မျှော်လင့်အိပ်မက်များ



ကြယ်ပြာပန်းတွေနှင့်
လာလမ်းကဖြင့်စောင့်စေချင်…

ဘုရားရှင် တူယှဉ်ဖူးချင်ရဲ့
လမ်းအ၀င်တောင်ခြေအောက်မှာ
စောင့်လှည့်ပါရှင် ….

ပန်းခက်တို့ယူငင်
လှူချင်ရဲ့စိတ်ထဲ
အမြဲသာစိတ်မှာတွေးထင်ခဲ့
ချစ်တဲ့သူပဲ ..

နွမ်းယဲ့လို့မခွေသာ
ရင်တွင်းမှာမနာရ
ပြုံးလို့နေပါ ….

တစ်ရက်မှာ
ဝေသာမယ့်လမင်း
အဆင်းမှာကြယ်ရောင်သွင်းပါလို့
လင်းမယ့်ညခင်း ..

ပုဇဉ်းတို့ကြူကြူအော်
ညခင်းမှာတူတူသွား
ဘုရားဖူးစို့နော်  …

လင်းရနံ့ပူဇော်
ခေါ်ပါနဲ့ဖော်အများ
နောင်နှစ်မှာတူယှဉ်ထားလို့
သွားကြစို့လား …


ပျိုးယုဝသုန်
10:36:10 PM
18-12-2011
Sunday (BNE)

No comments: